ပြည်သူတွေက ဝေဖန်ထောက်ပြဖို့ သမ္မတပြော

  • 17 ဧပြီ 2016
Myanmar President Office ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption သမ္မတဦးထင်ကျော် နှစ်သစ်ကူးမိန့်ခွန်းပြော

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှစ်သစ်ကူးမိန့်ခွန်းပြောရာမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ ဆက်လက်ဆောင်ရွက်မယ်ဆိုတာနဲ့ တိုင်းပြည်အကျိုး ရှေ့ရှုတဲ့ ဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်ရေး လုပ်ဆောင်မယ်လို့ ထပ်လောင်းပြောလိုက်ပါတယ်။

နောက်ထပ်လည်း မိမိတို့ရဲ့ ယုံကြည်ချက်ကြောင့် ဥပဒေစည်း မျဉ်းတွေနဲ့ အညီ ကျင့်သုံးဆောင်ရွက် ကြသူတို့ အကျဉ်းချခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံအတွက် ဆောင်ရွက်ရာမှာ အောင်မြင်မှုရရှိစေဖို့အတွက် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း အထူးလိုအပ်တယ်၊ နောက်ပြီး ပြည်သူများကလည်း အစိုးရရဲ့ ချို့ယွင်းချက်တွေကို ဝေဖန်ထောက်ပြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ နောင်မှာ မရှိစေရဘူးဆိုတဲ့သဘော ပြောတာဟာ ထူးခြားတဲ့အချက်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာ ဦးအောင်ဇော်က သုံးသပ်ပါတယ်။

ဒါပေမယ့် လက်တွေ့ဆောင်ရွက်ရာမှာတော့ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပြင် လက်ရှိဥပဒေတွေကို အသုံးပြု ဆောင်ရွက်ရာမှာ အကန့်အသတ်တွေ ရှိနိုင်သေးတယ်လို့ သူက ထောက်ပြပါတယ်။

နောက်ပြီး ပြည်သူတွေရဲ့ ဝေဖန်ထောက်ပြမှုကို ဖိတ်ခေါ်တာနဲ့ပတ်သက်ရင်တော့ အရင်က NLD အနေနဲ့ လက်ပံတောင်းလို့ ကိစ္စတွေမှာ ပြည်သူတွေရဲ့ အသံ နားထောင်မှု အားနည်းခဲ့တဲ့ သာဓကတွေ ရှိတဲ့အတွက် အခုအခါမှာလည်း အစိုးရအနေနဲ့ အပြောနဲ့တင် မဟုတ်ပဲ လက်တွေ့သက်သေပြဖို့ လိုမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ