အေအေနဲ့ ဆက်သွယ်တယ် ဆိုပြီး အဖမ်းခံထား ရသူတွေထဲက လေးဦးလွတ်

  • 17 ဧပြီ 2016
Image caption လွတ်လာသူတွေဟာ ရခိုင် လက်နက်ကိုင်တပ် အေအေ နဲ့ ဆက်နွယ်မှု ရှိတယ် ဆိုတဲ့ စွဲချက် နဲ့ ထောင်ချ ခံထားရသူတွေ ဖြစ်။

ဧပြီလ ၁၇ ရက် မြန်မာ နှစ်ဆန်း ၁ ရက် နေ့ မှာ သမ္မတ လွတ်ငြိမ်းခွင့် နဲ့ နိုင်ငံရေး အကျဉ်းသား ၈၃ ယောက် ကို လွှတ်ပေး ခဲ့တာမှာ ရခိုင်ပြည်နယ် စစ်တွေ ထောင်ထဲကလည်း ၄ ယောက် လွတ်လာ ပါတယ်။

အဲဒီ့ လွတ်လာသူ ၄ ဦး စလုံးဟာ ရခိုင် လက်နက်ကိုင်တပ် အေအေ နဲ့ ပတ်သက် ဆက်နွယ်မှု ရှိတယ် ဆိုတဲ့ စွဲချက် နဲ့ ထောင်ချ ခံထားရသူတွေ ဖြစ်ပါတယ်။

စစ်တပ် က ဖမ်းဆီး နှိပ်ဆက်ပြီး အတင်းအကြပ် ဝန်ခံ စေပြီး မှ ရဲ လက်ကို လွှဲပေး ခံခဲ့ရတယ်လို့ ပြန်လွတ်လာသူ တစ်ဦး ဖြစ်တဲ့ ကျောက်တော်မြို့နယ် လင့်ဇင်ရွာသား ကိုစံမောင်သာ က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ နောက်တော့ ရဲ က တရားလိုလုပ်ကာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ စွဲဆို ခဲ့တဲ့ အတွက် ထောင် ၃ နှစ် အချ ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်တွေထောင်ထဲမှာ အေအေတပ်နဲ့ ဆက်သွယ်လို့ ဆိုပြီး ထောင်ချ ခံထားရသူ နောက်ထပ် ၅၀ နီးပါး ရှိနေသေး တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ