ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး အသေအပျောက် ရှိ

  • 18 ဧပြီ 2016
arakan_army
Image caption အစိုးရ စစ်တပ် နဲ့ ရခိုင် လက်နက်ကိုင် တပ် အေအေ တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း တိုက်ပွဲ ပြင်းထန်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ထဲမှာ အစိုးရ စစ်တပ် နဲ့ ရခိုင် လက်နက်ကိုင် တပ် အေအေ တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း တိုက်ပွဲ ပြင်းထန် ခဲ့ပါတယ်။

ဧပြီလ ၁၆ ရက် သင်္ကြန် အတက် နေ့တုန်းက အင်အား ၁၀၀ ဝန်းကျင် ရှိတဲ့ အေအေ တပ်ဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး အစိုးရ တပ်ဘက်က ယာယီ တပ်ရင်းမှုး အပါအဝင် အကြပ် တပ်သား တချို့ သေဆုံး ခဲ့တယ် လို့ အစိုးရ စစ်တပ် က ထုတ်ပြန် ပါတယ်။

အဲဒီ့နောက် အေအေတပ်ဖွဲ့ တွေ ရဲ့ ယာယီ စခန်း နေရာ တွေကို လိုက်လံ ရှင်းလင်း ခဲ့ရတယ် လို့ အစိုးရ တပ်က ပြောသလို၊ ဒေသခံ တွေ ရဲ့ အဆိုအရလည်း ဧပြီလ ၁၇ မှာ လက်နက်ကြီးသံ တွေ အပါအဝင် တိုက်ပွဲ ဖြစ်နေတဲ့ အသံတွေကို ရသေ့တောင် မြို့နယ် မြောက်ဖက်ပိုင်း ကျေးရွာတွေကပါ အဆက်မပြတ် ကြားနေခဲ့ရတယ် လို့ ဆိုပါတယ်။

၂၀၁၅ တုန်းကလည်း ပလက်ဝ နဲ့ ကျောက်တော် မြို့နယ် တွေ ထဲမှာ အေအေတပ် တွေ ခြေကုပ်ယူ ဖို့ ကြိုးစား လာ ခဲ့လို့ တိုက်ပွဲ တွေ ဖြစ်ခဲ့ပြီး၊ အဲဒီ့နောက်မှာတော့ အေအေတပ်တွေ ဘင်္ဂလာဒေ့ရှ် နိုင်ငံဘက်ကို ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြတယ် လို့လည်း အစိုးရတပ်ဘက် က ပြောပါတယ်။

အခုလို ရခိုင်ပြည်နယ် ထဲ တိုက်ပွဲ တွေ ပြန်လည် ပေါ်ပေါက် လာတဲ့ အတွက် ဒေသခံ ရွာသားတွေ အတွက် သူတို့ မှီခို စားသောက် ရတဲ့ တောင်တောင်တွေကို မသွားဝံ့ပဲ စားဝတ် နေရေး အခက်အခဲတွေ ကြုံတွေ့ နေကြရသလို၊ စိုးရိမ် မှုတွေလည်း မြင့်တက်နေကြတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ