ရဟန်းတွေ က မွတ်ဆလင်ဆိုင်တွေ ကို ပိတ်ပင်နေ

  • 19 ဧပြီ 2016
shwedagon ဓာတ်ပုံ မူပိုင် AP
Image caption မွတ်ဆလင်တွေ ရွှေတိဂုံဘုရား အနီး စျေးမရောင်းဖို့ တားဆီးခံနေရ

ပြီးခဲ့တဲ့ နှစ်ဆန်း တရက်နေ့က ရွှေတိဂုံဘုရား အနားမှာ စျေးလာရောင်းတဲ့ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ စျေးဆိုင်တွေ ကို မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ က သံဃာ တွေ က ဝိုင်းလာကာ အဲဒီ မွတ်ဆလင် တွေ ကို ဖမ်းခေါ်ပြီး စျေးဆိုင်ပစ္စည်းတွေ သိမ်းဆည်း သွားခဲ့ပါတယ်။

မွတ်ဆလင်တွေ စျေးရောင်းတာ ကို လာ တားဆီးတဲ့ အဲဒီအဖွဲ့ က သံဃာတော် အနည်းဆုံး ၆ ပါး ပါဝင်ခဲ့တယ် လို့လည်း သိရပါတယ် ။

အဲဒီ မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ ကတော့ ရွှေတိဂုံဘုရားပွဲမှာ မွတ်ဆလင်ဆိုင်တွေများများလာပြီး ဗုဒ္ဓဘာသာဝင်တွေ ရဲ့ ဆိုင်တွေ မဖွင့်နိုင်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ ဘက်က နစ်နာလို့ အခုလို လုပ်တာ လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒီ ဘုန်းကြီးတွေ ရဲ့လုပ်ရပ် ဟာ လူမျိုးရေး ခွဲခြားတဲ့ လုပ်ရပ် ဖြစ်ပြီး ဗုဒ္ဓတရားတော်နဲ့လည်း ကိုက်ညီမှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ လည်း လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာ ပျံ့နှံ့နေပါတယ်။