ဗီယက်နမ်ရဲ့Viettelနဲ့ ပြည်တွင်း ကုမ္ပဏီတို့ ဆွေးနွေး

  • 20 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption Viettel ကုမ္ပဏီဟာ ဗီယက်နမ် စစ်ဗိုလ်ချုပ်ကြီးဦးဆောင်တဲ့ ဗီယက်နမ်စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီ တစ်

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် အတွက် တင်ဒါအောင် ထားတဲ့ ဗီယက်နမ် နိုင်ငံ အခြေစိုက် Viettel ကုမ္ပဏီနဲ့ ပြည်တွင်းက အများပိုင် ကုမ္ပဏီ တို့အကြား ဆွေးနွေးနေပါတယ်။

ကုမ္ပဏီတွေရဲ့ အသေးစိတ်အချက်အလက်တွေကို တောင်းခံထားပြီး ၂၀၁၆ ခုနှစ် အတွင်း လုပ်ငန်းတွေ ပီပြင်လာဖို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။

လောလောဆယ် ပြည်တွင်းမှာ အော်ရီဒူး၊ တယ်လီနော နဲ့ အမ်ပီတီ ဆက်သွယ်ရေး အော်ပရေတာတွေ ရှိနေပြီး အခု တင်ဒါကတော့ နောက်ဆုံး ဆက်သွယ်ရေး အော်ပရေတာ ဖြစ်လာမှာ ဖြစ်ပါတယ်။

Viettel ကုမ္ပဏီဟာ ဗီယက်နမ် စစ်ဗိုလ်ချုပ်ကြီးဦးဆောင်တဲ့ ဗီယက်နမ်စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၆ ခုနှစ် မတ်လကုန်လောက်မှာ တင်ဒါချ ပေးခဲ့တာ ဖြစ်ပါတယ်။

Viettel ကုမ္ပဏီနဲ့ တွဲလုပ်ရမယ့် ပြည်တွင်း အစုရှယ်ယာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေပြီး လိုင်စင်ချပေးဖို့ ဝန်ကြီးဌာနက စိစစ်နေတယ်လို့ တင်ဒါ ရွေးချယ် စိစစ်ရေး ကော်မတီရဲ့ အတွင်းရေးမှူး ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယအမြဲတန်း အတွင်းဝန် ဦးချစ်ဝေက ပြောပါတယ်။

ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ အတွက် နိုင်ငံခြားကုမ္ပဏီ ၇ ခု တင်ဒါ လျှောက်ခဲ့ရာမှာ နောက်ဆုံး တင်ဒါကို ပြည့်စုံအောင် တင်တာ ကတော့ Viettel ကုမ္ပဏီ တစ်ခုသာရှိတယ်လို့ ဦးချစ်ဝေကဆိုပါတယ်။

ဒီနေရာ မှာလည်း ပြည်ပ အကြံပေး အဖွဲ့တစ်ခုဖြစ်တဲ့ Roland Berger Consultant ကုမ္ပဏီကို ငှားပြီး စနစ်တကျ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လောလောဆယ် ပြည်တွင်းမှာ ဆက်သွယ်ရေး အော်ပရေတာ (၃)ခု ရှိနှင့်ပြီးသား ဖြစ် ပြီး Viettel လို ကုမ္ပဏီသစ်ကို ထပ်ပြီး ခွင့်ပြု ခဲ့တာကလည်း ကုမ္ပဏီ ၄ ခု ကို ဆက်သွယ်ရေး အော်ပရေတာ အဖြစ် လုပ်ကိုင်စေဖို့ နဂိုကတည်း က မူဝါဒ ချမှတ် ထားပြီးသားလို့ ပြောပါတယ်။

ဈေးကွက် စီးပွားရေး အရ Competitors များလေ ဈေးကွက်မှာ ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရရှိအောင် ဖြစ်တယ်လို့လည်း ပြောပါတယ်။

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ အဖြစ် ပြည်ပ Viettel ကုမ္ပဏီ ကနေ (၄၉%) နဲ့ ပြည်တွင်း အများပိုင် ကုမ္ပဏီ (၁၁) ခုနဲ့ ဖွဲ့ထားတဲ့ Myanmar National Telecom Holding Public Limited နဲ့ စစ်တပ်က အဆိုပြုတဲ့ Star High Public Co., Ltd ကုမ္ပဏီ ၂ ခုက (၅၁%) စီ ရင်းနှီးမြုပ်နှံမှာပါ။

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ချပေးဖို့ ဝန်ကြီးဌာန က ဆောင်ရွက်နေပြီး ပြည်တွင်းက အများပိုင်ကုမ္ပဏီတွေနဲ့ စုစည်းထားတဲ့ ကုမ္ပဏီနဲ့ စစ်တပ်က အဆိုပြုတဲ့ ကုမ္ပဏီတွေရဲ့ အသေးစိတ်အချက်အလက်တွေကို တောင်းခံ ထားတယ်လို့ ဒုတိယ အမြဲတန်း အတွင်းဝန် ဦးချစ်ဝေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ