ဦးဝင်းတင် ကွယ်လွန် တာ ၂ နှစ်ပြည့်ပြီ

  • 21 ဧပြီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဦးဝင်းတင်ဟာ အန်အယ်ဒီ ပါတီကို တည်ထောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်

စစ်အာဏာရှင် စံနစ်ကို အလံ မလှဲ စတမ်း ဆန့်ကျင် တွန်းလှန်ခဲ့တဲ့ သတင်းစာဆရာ၊ နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားတွေကို ရန်ကုန်နဲ့ မန္တလေး မြို့တွေမှာ ကျင်းပခဲ့ ပါတယ်။

အဲဒီအခန်းအနား တွေကို အန်အယ်ဒီပါတီဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဗကသ အဖွဲ့ဝင် ကျောင်းသားတွေ နဲ့ နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တွေ တက်ရောက် စကားပြောခဲ့ ကြပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ အခန်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ခဲ့ပါတယ်။

သူက ဦးဝင်းတင် အထိမ်းအမှတ် ပန်းခြံမျိုး ထားရှိသင့်တယ် လို့ပြောပါတယ်။

ရေဝေးသုသန် မှာရှိတဲ့ ဦးဝင်းတင်ရဲ့ အုတ်ဂူကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ သွားရောက် ဂါရဝပြုခဲ့ ပါတယ်။

ဦးဝင်းတင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ဥပဒေသစ်ပြန်ပြင် ရေးစေချင်သူ၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ ဖြစ်စေချင်သူ ဖြစ်တာမို့ အခုအချိန် အထိ သူ့ရဲ့ နိုင်ငံရေး မျှော်လင့်ချက်တွေ မပြည့်ဝ သေးဘူးလို့ သူနဲ့ အနီးကပ်နေခဲ့ဘူးသူ ကိုရာဇာ ကပြောပါတယ်။

ဦးဝင်းတင်ဟာ အသက် ၈၄ နှစ် အရွယ်မှာ အဆုတ်ရောဂါနဲ့ ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။