တိုင်းရင်းသား ဒေသတွေထဲ စစ်ရေး တင်းမာ

  • 22 ဧပြီ 2016
kia_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ စစ်တပ် နဲ့ ကချင် လက်နက်ကိုင် KIA အကြား တစ်နာရီကျော် ကြာ ထိတွေ့ ပစ်ခတ်။

ကချင်ပြည်နယ် ထဲ ဧပြီ ၂၂ ရက် သောကြာ နေ့က အစိုးရ စစ်တပ် နဲ့ ကချင် လက်နက်ကိုင် KIA အကြား တစ်နာရီကျော် ကြာ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ် ခဲ့ပါတယ်။

နမ်ဆန်ယန် နဲ့ ဧရာဝတီ မြစ်ကြား၊ ကလန်ကျခ ဆိုတဲ့ နေရာမှာ ရှိတဲ့ KIA တပ် စခန်း က သူတွေ နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲ ဖြစ်ခဲ့တယ် လို့ ကချင်ပြည်နယ် တွင်း ငြိမ်းချမ်းရေး ရဖို့ ကြားဝင် ဆောင်ရွက် ပေးနေသူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

နှစ်ဘက် ထိခိုက်မှု တစုံတရာ ရှိတယ် လို့တော့ မကြားရ သေးပါဘူး။

တခါ၊ ရှမ်းပြည်နယ် ထဲမှာ လည်း UWSA ဝ ဌာနချုပ် ပန်ဆန်းကို သွားရာလမ်း မှာ ရှိတဲ့ ရှမ်းပြည် တက်မတော် မြောက်ပိုင်း SSPP/SSA တပ်စခန်း တွေကို ဧပြီ ၂၂ ရက်နေ့ နောက်ဆုံး ထားဖယ်ရှား ပေးဖို့ အစိုးရ စစ်တပ်ဘက် ညွှန်ကြား ထားပါတယ်။

ဒါပေမယ့် SSPP ဘက်က ဖယ်ပေးမှာ မဟုတ်ဘူး လို့ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦး က ဘီဘီစီ က မေးမြန်းစဉ် တုံ့ပြန် ထားပါတယ်။

SSPP စခန်း တွေ ဖယ်မပေးလို့ ဆိုပြီး ပြီးခဲ့တဲ့ နှစ် တွေတုန်းကတော့ တိုက်ပွဲ တွေ ပေါ်ပေါက် လာခဲ့ ဖူးပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တွေ ထဲမှာလည်း အစိုးရတပ် နဲ့ ရခိုင် လက်နက်ကိုင် အေအေကြား တိုက်ပွဲ တွေ ဖြစ် နေတဲ့ အတွက် ရသေ့တောင် နဲ့ ဘူးသီတောင် မြို့နယ် တွေထဲ ထွက်ပြေး လာကြရတဲ့ ဒေသခံ တွေ ၅၀၀ နီးပါး ရှိသွားပြီလို့ အဲဒီ့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

သူတို့ အတွက် စားစရာ နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေ လိုအပ် နေတယ် လို့ ဒုက္ခသည် တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ