SSA မြောက်ပိုင်း တပ်စခန်း ၂ ခု ဖယ်ခိုင်း

  • 22 ဧပြီ 2016
ssa_north ဓာတ်ပုံ မူပိုင် AP
Image caption ဝမ်ဟိုင်း စစ်ဌာနချုပ်က ရှမ်းပြည်မြောက်ပိုင်း တပ်သားတွေ

UWSA ဝ ဌာနချုပ် ပန်ဆန်း ကို သွားရာလမ်း မှာ ရှိတဲ့ ရှမ်းပြည် တပ်မတော် SSA/ SSPP တပ်စခန်းတွေကို ဧပြီ ၂၂ ရက် နောက်ဆုံး ထားပြီး ဖယ်ပေးဖို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ညွှန်ကြား ထားပါတယ်။

ဒါပေမဲ့ SSA/ SSPP ဘက်က ဖယ်ပေးမှာ မဟုတ်ဘူး လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း က နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး စဝ်ဆွိုင်း မန်းရိုင်းက ပြောပါတယ်။

လွယ်စေးနဲ့ လွယ်လန်း တောင်တွေက SSA/ SSPP ရဲ့စခန်းတွေကို ဖယ်ပေးဖို့ ၂ဝ၁၁၊ ၂ဝ၁၂ တုန်းကလည်း မြန်မာ့ တပ်မတော်က ပြောခဲ့ပြီး မဖယ်ပေးလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ခုချိန်ထိ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း နဲ့ အစိုးရ ဘက်က စေ့စပ် ဆွေးနွေးတာ မရှိသေးဘူး လို့ သိရပါတယ်။

SSA/ SSPP ဌာနချုပ် ရှိတဲ့ ဝမ်ဟိုင်း နားမှာလည်း အစိုးရ တပ်တွေ တိုးချ နေပြီး မနှစ် နိုဝင်ဘာလက ဖြစ်ခဲ့တဲ့ စစ်ပွဲတွေက ကျန်တဲ့ စစ်ပြေးတွေ ထောင်ဂဏန်းချီ ကျန်နေတယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ