ရခိုင်တိုက်ပွဲတွေ အတွင်း အစိုးရတပ်က ပေါ်တာဆွဲနေ

  • 23 ဧပြီ 2016
rakhine_refugees
Image caption ဒေသခံ တွေ အနေနဲ့ ကြောက်ရွံ့ နေကြရပြီး အိုးအိမ် တွေ ကို စွန့်ခွာ ထွက် ပြေး နေ။

ရခိုင်ပြည်နယ် ကျောက်တော် နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တွေ ထဲ ဖြစ်နေတဲ့ တိုက် ပွဲ တွေ မှာ အစိုးရ စစ်တပ် ကနေ ရွာသား တွေကို ပေါ်တာ ဆွဲတာ လမ်းပြ အနေနဲ့ ခေါ်ယူ ခိုင်း စေတာ တွေ ရှိနေတယ် ဆိုပြီး ဒေသ ခံတွေက ပြောပါတယ်။

အဘုခမီးရွာက အင်္ဂါအောင်၊ အောင်သာထွန်းနဲ့ ကျော်စိန်အောင်တို့ ၃ ဦး ပေါ်တာ အဖြစ် ပါသွားတယ် လို့ ရွာခံ ဦးမောင်ကြွင်းအောင်က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီလို အဓမ္မ ခိုင်းစေ ခံ နေရတဲ့ အပြင် မိမိ တို့ရဲ့ ရပ်ရွာ တွေ ထဲ လက်နက်ကြီး တွေ ကျရောက် နေတဲ့ အတွက်လည်း ဒေသခံ တွေ အနေနဲ့ ကြောက်ရွံ့ နေကြရပြီး အိုးအိမ် တွေ ကို စွန့်ခွာ ထွက် ပြေး နေကြ ရတယ် လို့ စစ်ဘေး ဒုက္ခသည် တွေ ရှိရာ ရသေ့တောင် နဲ့ ဘူးသီးတောင်မြို့နယ် တွေ ထဲ က နေရာ တွေ ဆီ ကိုယ်တိုင် သွားရောက် ခဲ့တဲ့ ရခိုင်အမျိုးသား ပါတီ ANP ရဲ့ ရသေ့တောင် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေ က ပြောပါတယ်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာက လူ ၆ ဦးလည်း ဧပြီလ ၂၀ ရက်နေ့က တပ်မတော် စစ်ကြောင်း တစ်ခုကနေ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး အခုတော့ ပြန် လွတ် လာပြီလို့ မိသားစု ဝင် တစ်ဦး က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ