စစ်ကိုင်းတိုင်းမှာ မိုးသီးတွေကြွေ

  • 24 ဧပြီ 2016
hailston_burma ဓာတ်ပုံ မူပိုင် AFP
Image caption အိမ် ခေါင်မိုး သွပ်ပြားတွေ ပေါက်တဲ့ အထိ မိုးသီးတွေ ကျခဲ့

မြန်မာနိုင်ငံ တဝှမ်း ခုရက်ပိုင်း မှာ မိုးသီးတွေ အကြီးအကျယ် ကြွေကျ နေပါတယ်။

စစ်ကိုင်းတိုင်း က မြို့နယ် အချို့မှာ လည်း ဧပြီ ၂၄ ရက် မနက်ပိုင်းက အိမ် ခေါင်မိုး သွပ်ပြားတွေ ပေါက်တဲ့ အထိ မိုးသီးတွေ ကျခဲ့ပါတယ် ။

အရင်နေ့က စစ်ကိုင်းတိုင်း မှာ ကျဆင်းခဲ့တဲ့ မိုးသီးတွေထက် အရွယ်အစား ကြီးလာပြီး ၂၄ ရက် မနက်က စစ်ကိုင်းတိုင်း ပင်လယ်ဘူး မြို့နယ် မှာ မိုးသီး ကြွေကျလို့ အနည်းဆုံး လူတယောက် သေဆုံး ခဲ့ရပါတယ် ။

သေဆုံးသူ က စစ်ကိုင်းတိုင်း ပင်လယ်ဘူး မြို့ နယ် ဆားတောင်ပုံ ရွာ မှာ နေထိုင်သူ ဒေါ်စန်းတင့် ဖြစ်ပါတယ် ။

သူ ဖက်ခူးနေစဉ် လေပြင်းကျပြီး သစ်ကိုင်းပိ သေဆုံး ခဲ့ရတာပါ ။

ရွာမှာ အနည်း ဆုံး အိမ် ခြေ ၁၅ဝ ကျော် နဲ့ စာသင် ကျောင်းများ လေပြင်း နဲ့ မိုးသီးများ ကြောင့် ပျက်စီး သွားပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ တွေက အပျက်အစီး စာရင်း ကောက်ယူ နေဆဲ ဖြစ်တယ် လို့ သိရ ပါတယ်။

ကောလင်း မြို့နယ် အနောက် ဘက်ခြမ်း လာကာ ကျေးရွာ မှာ လည်း လေပြင်း တိုက်ခတ်ပြီး မိုးသီး ကြွေကျ ခဲ့လို့ အိမ်ခြေ အတော် များများ ခေါင်မိုးတွေ ပျက်စီး ခဲ့ပြီး လူတဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိ ရပါတယ်။

ဧပြီလ ၂၂ ရက် က စပြီး ၂ ရက် အတွင်း မိုးသက် လေပြင်းကျ လို့ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း မှာ အနည်းဆုံး လူ ၁ဝ ဦး ခန့် သေဆုံး ပြီး အိမ်မွေး တိရစ္ဆာန် တွေလည်း သေဆုံး ခဲ့ပါတယ် ။

၂၃ ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း ရေဦး မြို့နယ်မှာ မိုးသီး တွေကျပြီး လေပြင်းတိုက်လို့ လူတွေ အပြင်မှာ မိုးအုံ့လာရင် ထွက်သူ မရှိသလောက် ဖြစ်နေ ပါတယ် ။

ရှမ်းပြည်နယ် က တန်ခိုးကြီး ဘုရား တဆူ ဖြစ်တဲ့ မွေတော် ကက္ကူ ပရိဝုဏ် အတွင်း စေတီ တွေထဲက ၃ ပုံ ၂ ပုံ လောက် ပျက်စီး သွားခဲ့ပါတယ် ။

ဒီရက်ပိုင်းအတွင်း မိုးတိမ် တောင်တွေ ကြောင့် မိုးသီးကြွေတာ လေပြင်းတိုက်တာ တွေ ရှိနိုင်ပြီး မြန်မာနိုင်ငံ လူတွေ ဧပြီလနဲ့ မေလ အတွင်း သတိပြုရန် လိုအပ် တယ်လို့ မိုးဇလဗေဒ ပညာရှင်တွေ က ပြောထား ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ