မိုးသက်လေပြင်းကြောင့် သေဆုံးမှုတွေရှိဆဲ

  • 25 ဧပြီ 2016
hailstone ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မိုးသီးကြွေ လေပြင်း တိုက်လို့ အိမ်ခြေ သောင်းချီ ပျက်စီး

ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ လေပြင်း တိုက်ပြီး မိုးရွာသွန်းမှုတွေ ကြောင့် အိမ်တွေ ရာနဲ့ချီ ပျက်စီး ခဲ့ပြီး အကူအညီ ပေးရေး အတွက် အလှူငွေ အခက်အခဲ ဖြစ် နေပါတယ်။

လေပြင်း တိုက်ပြီး ပျက်စီး သွားတဲ့ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေက အစိုးရ ထိန်းချုပ်မှု အောက်မှာ မရှိတဲ့ ဒုက္ခသည် စခန်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လေပြင်း တိုက်ခတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြည်လည် ထူထောင်ရေး အတွက် အလှူငွေ အခက်အခဲ ဖြစ်နေကြောင်းကို ကေဘီစီ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က လူမှုရေး တာဝန်ခံ ဆရာဘွန်ခမ်းက ပြောပြပါတယ်။

ဧပြီ ၂၅ ရက် ညနေ ၃ နာရီ ကျော် မှာ ဖြစ်ပွားခဲ့တဲ့ မိုးသက် လေပြင်း ကြောင့် စစ်ကိုင်းတိုင်း ကလေး မြို့နယ် ရာဇဂြိုဟ်ရွာမှာ ပျက်စီးမှုတွေ ရှိခဲ့ပြီး လူတဦး မိုးကြိုး ထိမှန် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် မုံရွာ မြို့ပေါ် နဲ့ ဒီပဲယင်း ဘက် တွေ မှာလည်း ထိခိုက် ပျက်စီးမှုတွေ ရှိတယ် လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ရက် အတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခု မှာ မိုးသီးကြွေ လေပြင်း တိုက်တာကြောင့် ဧပြီ ၂၄ ရက်နေ့ ကအထိ အိမ်ခြေ သောင်းချီ ပျက်စီး ခဲ့ပြီး လူ၁၄ ဦး သေဆုံးခဲ့တယ် လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန က ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောပါတယ်။

ပျက်စီးတဲ့ အိမ်တလုံးကို ကျပ်၂ သောင်း ကနေ ၅ သောင်း အထိ ကနဦး အကူအညီ ပေးနေတယ်လို့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ