ကိုညီညီလွင် ကို ထောင်ဒဏ်ချမှတ်

  • 26 ဧပြီ 2016
gambira
Image caption ကိုညီညီလွင်ဟာ ရွှေဝါရောင်သံဃလှုပ်ရှားမှု ခေါင်းဆောင် ဆရာတော် ဖြစ်ခဲ့ပြီးနောက်ပိုင်း ပြည်ပ မှာ နေထိုင်ခဲ့

၂၀၀၇ ရွှေဝါရောင် သံဃလှုပ်ရှားမှု ဦးဆောင်ဆရာတော်တပါးဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ လူဝတ်လဲထားသူ ကိုညီညီလွင် ကို မြန်မာနိုင်ငံ တရားရုံးတခု က လူဝင်မှုကြည့်ကြပ်ရေး ဆိုင်ရာ စွဲချက်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

သူဟာ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေ မရှိပဲ မြန်မာပြည်ထဲကို ပြန်လာခဲ့တဲ့အတွက် အလုပ်ကြမ်းပစ်ဒဏ်လည်း ပါဝင်တဲ့ ဒီပစ်ဒဏ် ချမှတ်ခံရတာပါ။

ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ ထောင်ထဲကနေပြန်လွတ် ပေးနေချိန်မှာ အခုလို ကိုညီညီလွင် ခေါ် ဦးဂမ္ဘီရ ထောင်ချခံရတာလည်း ဖြစ်ပါတယ်။

အခုအမှုဟာ နိုင်ငံရေးအမှု မဟုတ်ပေမယ့်လည်း သူ့မိသားစု က သူ ဒီအမှုကနေ လွှတ်ပေးလိမ့်မယ် လို့ မျှော်လင့်ခဲ့ကြပါတယ်။