ယခင် ငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့မတွေ့ဆုံ နိုင်ကြောင်းထုတ်ပြန်

Image caption တိုက်ပွဲတွေ ဆင်နွှဲ နေတဲ့ အတွက် အခုချိန်မှာ မတွေ့သင့်သေးကြောင်း သဘောတူ ဆုံးဖြတ်

ယခင် မြန်မာ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ ကိုယ်စားလှယ်များ UPWCနဲ့ မတွေ့ ဆုံနိုင်ကြောင်း ကိုးကန့် အဖွဲ့ MNTJP/MNDAA, တအားင်းပလောင် PSLF/TNLA နဲ့ ရခိုင် တပ်မတော် ULA/ AA လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ က ဧပြီလ ၂၈ ရက်မှာ ပူးတွဲ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

မတွေ့ဆုံလိုတဲ့ အဓိက အကြောင်းက အစိုးရ တပ်ရဲ့ ထိုးစစ်တွေ မရပ်သေးတဲ့ အတွက်ကြောင့်လို့ ရခိုင် အမျိုးသား အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခ က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ တပ်ဖက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အမြစ်ပြတ် ချေမှုန်းရေး လို့ ကြွေးကြော်ကာ တိုက်ပွဲတွေ ဆင်နွှဲ နေတဲ့ အတွက် အခုချိန်မှာ မတွေ့သင့်သေးကြောင်း သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလွတ်သဘော တွေ့ဆုံ လိုတဲ့ ပုံစံမျိုး ဖြစ်နေပြီး အစိုးရသစ် အနေနဲ့ တွေ့ဆုံဖို့ တရားဝင် ကမ်းလှမ်း လာတာမျိုး ဆိုရင်တော့ တွေ့ဆုံဖို့ အတွက် စဉ်းစား ဆုံးဖြတ်မှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်းရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) အဖွဲ့ဝင်များ နဲ့လည်း ဧပြီလ ၂၇ ရက်နေ့ နေ့လည်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အဖွဲ့တွေ အနေနဲ့ တွေ့ဆုံဆွေးနွေး ရေး အတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အမျိုးသား တန်းတူရေး မရှိလို့သာ ပြည်တွင်းစစ် ဖြစ်နေရတာ ဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လာခဲ့ ရင်လည်းပဲ အဲဒီ အချက်ကိုသာ အဓိကထား တောင်းဆို သွားမယ်လို့ ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေးကို လက်တွေ့မှာ ဆောင်ရွက် ဖြစ်ခဲ့လျှင် အမျိုးသား တန်းတူရေး နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး ပေါ်မှာ အခြေခံပြီး စေတနာမှန်နဲ့ ဆွေးနွေး ညှိနှိုင်းလျှင် ပြေလည် နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်ကြောင်း ကိုလည်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ