NGO တွေထိန်းချုပ်မယ့် ဥပဒေသစ်တရုတ်ပြဌာန်း

  • 28 ဧပြီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption NGO တွေအပေါ် တင်းကျပ်မှု တွေပိုလာမှာ ကို စိုးရိမ်မှုတွေရှိ

တရုတ် နိုင်ငံမှာ နိုင်ငံခြား NGO တွေ အပေါ် ထိန်းချုပ်တဲ့ ဥပဒေ တရပ်ကို ပြဌာန်းလိုက်ပါတယ်။

ဥပဒေရဲ့ အသေးစိတ် အချက်အလက် တွေကို မထုတ်ပြန် သေးပေမယ့် ဥပဒေကြမ်းမှာ ပါရှိချက်တွေ အရ တရုတ်ပြည် ထဲမှာ ရှိနေတဲ့ NGO အဖွဲ့ တထောင်ကျော် ကို အစိုးရ က ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် နိုင်မယ့် အခွင့်အာဏာ ရရှိလာမှာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြောင့် အရပ်ဖက် အဖွဲ့အစည်းတွေ အပေါ် တင်းကျပ်မှု တွေ လုပ်နေတဲ့ တရုတ် နိုင်ငံမှာ နိုင်ငံခြားက လာတဲ့ ပရဟိတ အဖွဲ့အစည်းတွေ၊ ပညာရှင် အဖွဲ့တွေကို ပစ်မှတ် ထား လာမှာကို ကျွမ်းကျင် သူတွေက စိုးရိမ် နေကြ ပါတယ်။