ဆီးရီးယားအပစ်ရပ်သဘောတူညီချက်ပျက်လုနီး

  • 28 ဧပြီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဗုံးကြဲ တိုက်ခိုက်မှုမှာ ဆေးရုံကို ထိမှန်ခဲ့

ဆီးရီးယားမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေတဲ့ အလက်ပိုမြို့ က လာတဲ့ သတင်းတွေ အရ အပစ်အခတ် ရပ်စဲရေး အတွက် နိုင်ငံတကာရဲ့ ဝိုင်းဝန်း ကြိုးပမ်းမှုတွေ ပျက်ပြား တော့မယ်ပုံ ဖြစ်နေ ပါတယ်။

ဗုဒ္ဓဟူးနေ့ ညသန်းခေါင် အချိန် က လေကြောင်း တိုက်ခိုက်မှု မှာ ဆေးရုံ တခုနဲ့ အနီးအနားက အဆောက်အဦ တချို့ကို ထိမှန်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၂၀ သေဆုံး သွားကြောင်း ဆီးရီးယား အရေး တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။

ရုရှ လေယာဉ်တွေက ပစ်လိုက်တဲ့ ဒုံးကျည် နှစ်စင်း ထိမှန်ပြီး လူ ၁၅ ယောက် နေရာမှာတင် သေဆုံး ခဲ့ကြောင်း၊ အဲဒီထဲမှာ ဆရာဝန်တဦးနဲ့ သူနာပြုငါးဦး အပြင် လူနာစောင့်တဲ့ သူတွေလည်း ပါတယ်လို့ အလက်ပိုမြို့မှာ ရှိတဲ့ တက်ကြွ လှုပ်ရှားသူ တဦးက ဘီဘီစီကို ပြောပါတယ်။