USDP ဗဟိုကော်မတီ အစည်းအဝေး ခေါ်ဖို့ တောင်းဆို

  • 29 ဧပြီ 2016
U Shwe Mann ဓာတ်ပုံ မူပိုင် AFP
Image caption ဧပြီလ ၂၂ ရက်နေ့က ဦးရွှေမန်းနဲ့ အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင် တွေကို ထုတ်ပယ်ခဲ့

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အရေးပေါ် ပါတီ ညီလာခံ ခေါ်ယူနိုင်အောင် ဗဟိုကော်မတီ အစည်း အဝေးကို ၂၀၁၆ မေလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တို့မှာ ခေါ်ယူဖို့ ပါတီဥက္ကဌ ဦးသိန်းစိန်ကို ဗဟိုကော်မတီဝင် တွေက တောင်းဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၂ ရက်နေ့က ပါတီဌာနချုပ်မှာ ညအချိန် စီးနင်းရှာဖွေမှု ဖြစ်ခဲ့ပြီး၊ မကြာသေးခင်ကလည်း သူရဦးရွှေမန်း အပါအဝင် ပါတီ ထိပ်တန်း ခေါင်းဆောင်တွေကို ထုတ်ပယ် ခဲ့တာတွေကို ဗဟိုကော်မတီဝင်တွေ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

အဲဒီ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဗဟိုကော်မတီ အစည်း အဝေး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်တယ်လို့ ဗဟိုကော်မတီဝင် တွေကိုယ်စား ဦးဇော်မြင့်ဖေ လက်မှတ် ရေးထိုး တောင်းဆိုထားတဲ့ စာမှာ ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက အစည်းအဝေးကို နောက်ဆုံး ကျင်းပခဲ့တာ ဖြစ်တဲ့ အတွက် အနည်းဆုံး တစ်နှစ် တစ်ကြိမ် ပြုလုပ်ဖို့ ပါတီ ဖွဲ့စည်းပုံ စည်းကမ်း အရ အခုနှစ် မေလမှာ ကျင်းပ ရတော့မှာ ဖြစ်တယ်လို့ အဲဒီ တောင်းဆို စာမှာ ဖော်ပြထားပါတယ်။

ပါတီစည်းလုံး ညီညွတ်မှုကို ပြည်လည် ထူထောင်နိုင်ဖို့၊ ဦးဆောင်မှု ကဏ္ဍ မြှင့်တင်ဖို့နဲ့ ပါတီ အမှုဆောင် အဆင့်ဆင့် ပြန်လည် ရွေးချယ် ဖွဲ့စည်းရေးတို့ အတွက် အရေးပေါ် ညီလာခံ ခေါ်ပေးပါဆိုပြီး ဗဟို ကော်မတီဝင် ၂၁၉ ယောက်ထဲက ၁၃၆ ယောက်က လက်မှတ်ထိုး တောင်းဆိုထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ