စစ်ကိုင်း က အလုပ်သမားတွေ နေပြည်တော်ကိုချီတက်

  • 30 ဧပြီ 2016
Image caption လက်ရှိ အချိန် ဆန္ဒပြ အလုပ်သမား တွေဟာ မန္တလေးနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ စဉ့်ကိုင်မြို့က ဖားလင်ပိုး ဘုန်းကြီးကျောင်း မှာ ရောက်နေ

စစ်ကိုင်းတိုင်း ပတ္တမြား စက်မှုဇုံမှာရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် Myanmar veneer သစ်အခြေခံစက်ရုံ လုပ်သား၁၀ဝနီးပါးဟာ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၆၂ ယောက် အလုပ်ပြန်ခန့်ရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ရက်ပေါင်း၆၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

စက်ရုံ တာဝန် ရှိသူတွေ နဲ့ ဆန္ဒပြ အလုပ်သမား တို့ အကြား ဆွေးနွေး ညှိနှိုင်းလို့ မရတဲ့အတွက် ဧပြီ၂၉ ရက်နေ့ကစပြီး စစ်ကိုင်းကနေ နေပြည်တော်ကို သွားရောက် တောင်းဆိုဖို့ အတွက် လမ်းလျှောက်သွားနေကြပါတယ်။

လက်ရှိ အချိန် ဆန္ဒပြ အလုပ်သမား တွေဟာ မန္တလေးနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ စဉ့်ကိုင်မြို့က ဖားလင်ပိုး ဘုန်းကြီးကျောင်း မှာ ရောက်နေပြီး အလုပ်သမားရေး ဦးစီး ဌာနက ဒုတိယညွန်ကြားရေးမှူးချုပ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ပြေလည် မှု မရဘူးလို့ အလုပ်သမား ခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။

ဆန္ဒပြ အလုပ်သမားတွေမှာ ကျန်းမာရေး မကောင်းတဲ့ အလုပ်သမားတွေ ရှိနေပြီး စားဝတ်နေရေး အခက်အခဲတွေ လည်း ရှိနေတယ်လို့ ပြောပါတယ်။

နေပြည်တော် ကို ရောက်ရင် အလုပ်သမား ၁၆၂ ဦး အလုပ်ဖြုတ်ခံခဲ့ရတဲ့ အတွက် အကြောင်း ပြချက် ခိုင်လုံမှု ရှိမရှိ စစ်ဆေးဖို့ အလုပ်သမားရေးရာ ဦးစီး ဌာန ဘက်က အရေးဆို ပေးဖို့ အဓိက တောင်းဆို သွားမယ်လို့ ပြောပါတယ်။

အကြောင်းပြချက် ခိုင်လုံမှု မရှိပဲ အလုပ်ဖြုတ်ခံခဲ့ရတယ်ဆိုရင် အလုပ်ဖြုတ် ခံခဲ့ ရတဲ့ စက်ရုံ အလုပ်သမားတွေကို အလုပ်ပြန်လည် ခန့်အပ်ပေးဖို့ နဲ့ ကြားကာလ တွေကို လစာ ပေးဖို့ တောင်းဆို မယ်လို့ ပြောပါတယ်။

စစ်ကိုင်းက စက်ရုံမှာ ဆန္ဒပြ တောင်းဆိုစဉ် ကာလ အတွင်းမှာ တိုင်းဒေသကြီး အစိုးရ အနေနဲ့ ဖြေရှင်းမှု တစ်စုံတစ်ရာ မရှိတဲ့ အတွက် အခုလို နေပြည်တော်ကို ချီတက်ဖို့ ဆုံးဖြတ် ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ