မြန်မာနိုင်ငံတဝှမ်း မြို့ကြီး တချို့မှာ မေဒေး အခမ်းအနားတွေ ကျင်းပ

_sagaing_labour_protest
Image caption စစ်ကိုင်းတိုင်း ပတ္တမြား စက်မှုဇုံမှာရှိတဲ့ သစ်အခြေခံ စက်ရုံ က လုပ်သား၁၀ဝ နီးပါးဟာ အလုပ်ဖြုတ် ခံရတဲ့ အလုပ်သမား ၁၆၂ ယောက်ကို အလုပ်ပြန်ခန့်ရေး နေပြည်တော်ကို သွားရောက် တောင်းဆိုဖို့ လမ်းလျှောက် ချီတက်။

နိုင်ငံတကာ အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ နေပြည်တော် ၊ ပျဉ်းမနား နဲ့ ရေနံချောင်း အပါအဝင် မြန်မာပြည် တဝှမ်းက မြို့တချို့ မှာ ပြုလုပ် ခဲ့ပါတယ်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုန် မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက် AMTUN က ဦးဆောင် ပြုလုပ် ခဲ့တဲ့ မေဒေး နေ့ အခမ်းအနား ကနေ တစ်နေ့ လုပ်ခလစာ အနည်းဆုံး ၅၆၀၀ ကျပ် ရရှိရေး နဲ့ အလုပ်သမားတွေကို တစ်ဖက်သတ် အလုပ်ဖြုတ်တဲ့ အလုပ်ရှင်တွေကို အရေးယူရေး အပါအဝင် တောင်းဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။

သမ္မတသစ် ဦးထင်ကျော်ကလည်း မေဒေး အတွက် သဝဏ်လွှာ ထုတ်ပြန် ခဲ့တာမှာ အလုပ်သမားထု အပါအဝင် ပြည်သူအများရဲ့ လူမှု ဘဝ လုံခြုံမှုရရှိ စေဖို့ အတွက် အစိုးရအနေနဲ့ အစွမ်းကုန် ကြိုးစား သွားမယ် ဆိုပြီး ကတိပြု ထားပါတယ်။

အလုပ်သမားရေးရာ ပြည်ထောင်အဆင့် ဝန်ကြီး ဦးသိန်းဆွေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ကတော့ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ကျင်းပ တဲ့ အခမ်းအနား ကို တက်ရောက် ခဲ့ပါတယ်။

အလုပ်ရှင် နဲ့ အလုပ်သမားကြား အငြင်းပွားမှု ဆိုတာမျိုး က အမြဲ ဆက်လက် ရှိနေဦး မှာ ဖြစ်တဲ့ အတွက် ညှိနှိုင်း ဆွေးနွေးခြင်းနဲ့ အဖြေရှာ နိုင်ဖို့ က အရေးကြီးတယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင် က ဘီဘီစီ ကို ပြောပါတယ်။

အငြင်းပွားမှု ဖြေရှင်းဖို့ရာ ဥပေဒ တွေ၊ နည်းလမ်းတွေ ရှိလာပြီ ဖြစ်ပေမယ့် အာဏာပိုင် တွေ အပါအဝင် အလုပ်ရှင်၊ အလုပ်သမားတွေ အားလုံး သိရှိ နားလည် ပြီး ကျင့်ကြံ ဖို့ လိုအပ် တယ် လို့လည်း ဆိုပါတယ်။

လက်ရှိ အချိန်မှာလည်း စစ်ကိုင်းတိုင်း ပတ္တမြား စက်မှုဇုံမှာရှိတဲ့ သစ်အခြေခံ စက်ရုံ က လုပ်သား၁၀ဝ နီးပါးဟာ အလုပ်ဖြုတ် ခံရတဲ့ အလုပ်သမား ၁၆၂ ယောက်ကို အလုပ်ပြန်ခန့်ရေး နေပြည်တော်ကို သွားရောက် တောင်းဆိုဖို့ လမ်းလျှောက် ချီတက် ခဲ့တာမှာ မန္တလေးနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ စဉ့်ကိုင်မြို့က ဖားလင်ပိုး ဘုန်းကြီးကျောင်း မှာ ရောက်နေပါတယ်။

အလုပ်သမားရေး ဦးစီး ဌာနက အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ပြေလည် မှု မရရှိ နိုင်သေးပါဘူး။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ ချုပ် ILO အကူအညီ နဲ့ ကောက်ခံထားတဲ့ စာရင်းတွေ အရ မြန်မာနိုင်ငံ မှာ အလုပ်သမား ၃၁ သန်းရှိတယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ