ရှမ်းမြောက် မန်တုံမှာ တိုက်ပွဲဖြစ်ပွား

palaung
Image caption တိုက်ပွဲကြာက စစ်ပြေးတွေ တိုးပွား လာနေပါတယ်

ရှမ်းပြည် မြောက်ပိုင်း မန်တုံမြို့နယ် ထဲမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တို့ မေလ ၁ ရက်က တနေကုန် တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း အစိုးရ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ် ခဲ့ပါတယ်။

အစိုးရသစ်နဲ့ TNLA ကြား ငြိမ်းချမ်းရေး အတွက် တရားဝင် ကမ်းလှမ်းတာ မရှိသေးပေမယ့် TNLA ဘက်က ဆွေးနွေးလိုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းချက်ကို TNLA ဘက်ကကြိုဆိုပေမယ့် တပ်ရဲ့ သဘောထားက အရေးကြီးတယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ဆိုပါတယ်။

ကွတ်ခိုင် ဘက်မှာ အစိုးရ စစ်ကြောင်း ရှိနေလို့ စစ်ရှောင် ဒုက္ခသည် တွေ ၆ဝဝ လောက် ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ကြားမှာ ထောင်ခဲ့တဲ့ မြေမြုပ်မိုင်းတွေ ကြောင့် ပြီးတဲ့ ရက်က နိုင်ငံခြားသား တွေနဲ့ ဧည့်လမ်းညွန်တို့ ထိခိုက် ခဲ့တာဟာ TNLA က သူတို့ကြောင့် မဟုတ်ဘူးလို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ငြင်းဆန် လိုက် ပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှု မရှိဘူးလို့လည်း TNLA ဘက် က ငြင်းဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ