မြို့နယ်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်တွေကို ညွှန်ကြား

ဓာတ်ပုံ မူပိုင် myo zaw aung facebook
Image caption ဝန်ကြီး ဌာန လုပ်ငန်း တွေကို ပံ့ပိုး ဖို့ ဖြစ်တယ် လို့ ကောလင်းမြို့ နယ် NLD လွှတ်တော် ကိုယ်စားလှယ် ကိုမျိုးဇော်အောင်က ပြော

မြို့နယ် အလိုက် ဖွံ့ဖြိုးရေး အဖွဲ့တွေ ဖွဲ့ကြဖို့ ပြည်ထောင်စု လွှတ်တော် ကနေ လွှတ်တော် ကိုယ်စားလှယ် တွေကို ကြေညာချက် ထုတ် ညွှန်ကြား လိုက်ပါတယ်။

အဲဒီလို ဖွဲ့စည်းရာမှာ လွှတ်တော် ကိုယ်စားလှယ် တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့နဲ့ ပူးတွဲ ဖွဲ့စည်းရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒီလို လုပ်ရတာဟာ လွှတ်တော် တခုလုံးရဲ့ သဘောထား ဖြစ်ပြီး၊ သက်ဆိုင်ရာ ဝန်ကြီး ဌာန လုပ်ငန်း တွေကို ပံ့ပိုး ကူညီတာ ဖြစ်တယ်လို့ ကောလင်းမြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကိုမျိုးဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

တမြို့နယ်ကို တဖွဲ့သာ ဖွဲ့ရာမှာ ဖြစ်ပြီး အဲဒီမြို့နယ်မှာ ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

လောလောဆယ် တမြို့နယ်ကို ဘတ်ဂျတ် ငွေ ဘယ်လောက် ဆိုတာ မသတ်မှတ် ရသေးဘူးလို့လည်း သူကပြောပါတယ်။

မြို့နယ် အုပ်ချုပ်ရေး က ဒီအဖွဲ့ပေါ် လွှမ်းမိုးမှု ရှိလာ နိုင်မလား ဆိုတာကိုတော့ ကိုမျိုးဇော်အောင်က ဒါဟာ သက်ဆိုင်ရာ လူ ပုဂ္ဂိုလ်တွေ အပေါ်မူတည် ပါတယ် လို့ ဆိုပါတယ်။