တရုတ် ရေနံပိုက်လိုင်းကြောင့် ရခိုင်မှာ လယ်သမားတွေ ဆန္ဒပြ

_oil_pipes_burma_
Image caption ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် စိုက်ပျိုးမြေ တွေ ပြန်လည် ဖော်ထုတ် ပေးဖို့ တောင်းဆို။

တရုတ်အစိုးရပိုင် ရေနံ ကုမ္ပဏီ CNPC ရဲ့ ဓာတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်းတွေ ကြောင့် ရခိုင် ပြည်နယ် ထဲ ပျက်စီး သွားတဲ့ လယ်မြေ တွေ နဲ့ ပတ်သက်ပြီး ဒေသခံ တွေ နဲ့ ကုမ္ပဏီကြား လျော်ကြေး ကိစ္စ အငြင်းပွား နေတာ ကနေ မေလ ၂ ရက် နေ့ ကတော့ ကျောက်ဖြူ မြို့ပေါ်မှာ လှည့်လည် ချီတက်မှု တစ်ရပ် ဖြစ်လာပြီး CNPC ရုံး အရှေ့ထိ သွားကာ ဆန္ဒပြ လာ ကြ ပါတယ်။

နှစ်စဉ် သီးနှံ လျော်ကြေး မပေးတော့ပဲ တစ်ဧက ကို ၃ သိန်းခွဲ နှုန်းနဲ့ ၅ နှစ်စာ အပြတ် ပေးလျော် မယ့် ကုမ္ပီဏီ ဘက်က အစီအစဉ် ကို ဒေသခံ လယ်သမားတွေ မကျေမနပ် ဖြစ်နေကြ တာပါ။

ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် စိုက်ပျိုးမြေ တွေ ပြန်လည် ဖော်ထုတ် ပေးဖို့နဲ့၊ လက်ရှိ စိုက်ပျိုးမြေ တွေ ထပ်မံ မပျက်စီးရ အောင် ကုမ္ပဏီဘက်က တာဝန်ယူ ပေးဖို့ ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ ဂုံးချိန်၊ အုန်းတော စတဲ့ ကျေးရွာတွေက လယ်သမားတွေက တောင်းဆို ခဲ့ကြ ပါတယ်။

ဓာတ်ငွေ့နဲ့ ရေနံ ပိုက်လိုင်း သွယ်တန် ဖောက်လုပ်ရာက ထွက်လာတဲ့ ရွံ့နွံတွေကြောင့် လယ်သမား ၃၈ ဦးပိုင် လယ်ယာမြေ တွေ ပျက်စီး ခဲ့တာ ဖြစ်ပါတယ်

ဒီသတင်းနဲ့ပတ်သက်သမျှ