ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အစွမ်းကုန်ကူညီမယ်

  • 3 မေ 2016
သမ္မတနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံစဉ် ဓာတ်ပုံ မူပိုင် MOI
Image caption သမ္မတနဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံစဉ်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖူမီဒို အိုရှီခက မြန်မာနိုင်ငံကို အခြေခံအားဖြင့် ယုံကြည် စိတ်ချရတဲ့ နိုင်ငံအဖြစ် အစွမ်းကုန် အကူအညီ ပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

၂နိုင်ငံကြား မတူကွဲပြားမှုကို အခြေခံပြီး ဆွေးနွေးတိုင်ပင်ကာ အချိန်ကြာက တည်းကပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံကို အကူအညီပေးရာမှာ ဂျပန်ရောက် မြန်မာလုပ်သား အခွင့်အရေးများအပြည့်အဝ ရရှိရေး၊ မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ဂျပန်ပူးပေါင်း ဆောင်ရွက်ရေး ပညာတော်သင်ဆု စေလွှတ်ရေး ကိစ္စတွေကိုလည်း နှစ်နိုင်ငံဝန်ကြီးများ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ သမ္မတဉီးထင်ကျော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ သမ္မတက နှစ်ပေါင်း၆၀ကျော် ဂျပန်က မြန်မာကိုကူညီခဲ့တာနဲ့ သက်တမ်းတလ လောက်ရှိသေးတဲ့အစိုးရကိုအ သိအမှတ်ပြုတာကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံ ဘက်ကလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်စဉ်မှာ ဖွံ့ဖြိုးမှုမိ တ်ဘက်အဖြစ် ဆက်လက် ဆောင်ရွက်မယ်လို့ ပြောကြားသွားပါတယ်။