ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းမှာ မီးလောင်

Image caption ၁ နာရီ အတွင်းမှာပဲ အဆောင် ၅၀ လောက် မီးလောင် ကျွမ်းသွား ခဲ့ရ

ရခိုင်ပြည်နယ် စစ်တွေက မွတ်ဆလင် ဒုက္ခသည် စခန်းတခုမှာ မီးလောင် မှုကြောင့် အခန်းတွဲ အဆောင် ၅၅ ဆောင် မိသားစု ၄၄၈ စုနဲ့ လူပါင်း ၁၇၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွား ခဲ့ရ ပါတယ်။

မေလ ၃ ရက်နေ့ မနက် ၉ နာရီခွဲ လောက်မှာ မီးစလောင် ခဲ့တာ ဖြစ်ပြီး မီးသတ်ကား ၆ စီးနဲ့ ငြှိမ်းသတ် ခဲ့ရ ပါတယ်။

ဘယ်ကနေ စလောင်တယ် ဆိုတာ မသိရသေး ပေမယ့်၊ တချို့ကလည်း ဘက်ထရီ အားသွင်းတဲ့ ဆိုလာပြား ကနေ စလောင် တာလို့ ပြောနေ သလို၊ တချို့ ကလည်း ထမင်းချက်ရာ ကနေ စလောင် တယ်လို့ ပြောဆို နေကြ ပါတယ်။

မီးဟာ အလျင် အမြန် ကူးစက် လောင်ကျွမ်း လို့ ဒုက္ခသည်တွေ စခန်း ကနေ အသက်လု ထွက်ပြေး ခဲ့ရတာ ဖြစ်ပါတယ်။

၁ နာရီ အတွင်းမှာပဲ အဆောင် ၅၀ လောက် မီးလောင် ကျွမ်းသွား ခဲ့ရ တာဖြစ်ပြီး ဒုက္ခသည်တွေ လောလောဆယ် နေဖို့ စားဖို့ အခက် အခဲ ဖြစ်နေ တယ်လို့ ဒုက္ခသည် တဦးက ပြောပါ တယ်။

၁၂ နှစ်အရွယ် ကလေး တယောက် ပျောက် နေခဲ့ တယ်လို့ ဒုက္ခသည်တွေ ဘက်က ပြောပေမယ့် အခုတော့ ပြန်တွေ့ပြီ လို့ ရဲက ပြောပါတယ်။