ငြိမ်းစုစီ ဥပဒေကြမ်းအသစ် လွှတ်တော်သို့သမ္မတက တင်ပြ

  • 5 မေ 2016
နိုင်ငံတော်သမ္မတ ဉီးထင်ကျော် ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption နိုင်ငံတော်သမ္မတ ဉီးထင်ကျော်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေ ပြဌါန်းပေးဖို့ အမျိုးသားလွှတ်တော်ကို တင်ပြလိုက်ပါတယ်။ ဥပဒေသစ်မှာတော့ ဆန္ဒပြမယ့် လူတွေဟာ အရင်လို့ ခွင့်ပြုမိန့် စောင့်စရာမလိုပဲ၄၈ နာရီကြိုတင်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို အသိပေးရုံနဲ့ ဆန္ဒပြ နိုင်မှာဖြစ်ပါတယ်

အခုလိုဖြေလျော့မူ့တွေပါသလို ဥပဒေအတိုင်းမဆောင်ရွက်တဲ့သူတွေကို အရေးယူမယ့် ပစ်မှုပစ်ဒဏ်တွေကိုလည်း ဥပဒေသစ်မှာထည့် သွင်းထားပါတယ်။ စည်းကမ်းတွေကို ဖေါက်ဖျက်သူတွေကို ၁၅ ရက်အတွင်း တရားစွဲဆိုရမှာဖြစ်ပြီး စည်းကမ်း စတင်ချိုးဖေါက်တဲ့နေရာရှိ တရား ရုံးကသာ တရားစီရင်ရမှာဖြစ်တယ်လို့ ဥပဒေထဲမှာ ရေးသားထားပါတယ်

ဒါ့အပြင် ဆန္ဒဖော်ထုတ်မဲ့ သူတွေအနေနဲ့ပြုလုပ်မယ့် အစီအစဉ်ကို ခိုင်ခိုင်မာမာ တင်ပြရမှာဖြစ်ပြီး တင်ပြချက်အတိုင်း လိုက်နာပါ့မယ်လို တဲ့ခံဝန်ကတိ ရေးထိုးရမှာဖြစ်ပါတယ်။ အများပြည်သူအား အနှောက်အယှက် ဖြစ်စေမည့်ကိစ္စရပ်များနဲ့ ပြည် သူပိုင် ပစ္စည်းများအားဖျက်ဆီးခြင်း လမ်းပိတ်ဆိုခြင်း များပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော် အသစ် ပြဌါန်းမယ့် ဥပဒေဟာ ၂၀၁၁ ခုနှစ်က ပြဌါန်းခဲ့တဲ့ ငြိမ်းစုဆီလို့ လူသိများတဲ့ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ ရည်ရွယ်ချက်ကော အဓိပ္ပါယ် ဖွင့်ဆိုချက်ပါတူ ညီပါတယ်။ အခုလိုအသစ် ပြဌာန်းရတာကတော့ ဥပဒေနှစ်ခုနှိုင်းယှဉ်စရာ မလိုပဲပြည်သူတွေ င်းရှင်းလင်းလင်း သိအောင်ရ ည်ရွယ်တာလို့ ဒေါက်တာ မြတ်ဉာဏစိုးက ဘီဘီစီကိုပြောပြပါတယ်။ ဒီဥပဒေ အတည်ပြု့ပြီးတဲ့နေ့ကစလို့၂၀၁၁ ခုနှစ်ကပြဌါန်းခဲ့တဲ့ ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခွင့်ဥပဒေကို ရုတ်သိမ်းလိုက်တယ်လို့ဥပဒေ သစ်ထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ