သမ္မတဦးထင်ကျော်လာအိုခရီးစဉ်သွားရောက်ခဲ့

ဓာတ်ပုံ မူပိုင် AFP
Image caption လေဆိပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အတူတွေ့ရ

သမ္မတ ဦးထင်ကျော်ရဲ့ လာအို နိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှု နဲ့ကုန်သွယ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ် လို့ လာအို နိုင်ငံက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါဟာ ဦးထင်ကျော် သမ္မတ ဖြစ်လာ ပြီးတဲ့နောက် ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပြီး၊ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ လာအို ကို အရင်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ် အပြီးမှာ မြန်မာနဲ့ လာအို နိုင်ငံ တို့ကြား တိုက်ရိုက်လေယာဉ် ခရီးစဉ် ပြေးဆွဲဖို့ အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ ကြပြီး၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စတွေနဲ့ပတ်သက် လို့ နှစ်နိုင်ငံ ကြား အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ လာအို တရားဝင် သတင်းဌာနက ဖော်ပြပါတယ်။

ဒီခရီးစဉ်မှာ သမ္မတ ဦးထင်ကျော် နဲ့အတူ နိုင်ငံခြားရေး နဲ့သမ္မတ ရုံးဝန်ကြီး တာဝန်တွေယူထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်လည်း ပါဝင်လိုက်ပါ ခဲ့ပါတယ်။

ခရီးစဉ် အသွား မှာရော အပြန်မှာပါ ဒုတိယသမ္မတ နှစ်ဦးနဲ့ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေဆိပ်မှာ လာရောက်နှုတ်ဆက် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ