ဒုက္ခသည်စခန်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှု မြောက်လို့ ကုလ ပြော

  • 6 မေ 2016
syria ဓာတ်ပုံ မူပိုင် EVN
Image caption ဒုက္ခသည်စခန်း တခု လေကြောင်း ကနေ တိုက်ခိုက်ခံရ

အပစ်အခတ်ရပ်စဲထားတဲ့နေရာ လို့ မှတ်ယူထားနိုင်တဲ့ အလက်ပို တောင်ပိုင်း က ရွာ တခုမှာ တိုက်ပွဲဖြစ်ခဲ့ကြပြီး အနည်းဆုံး လူ ၇၀ သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် Syrian Observatory for Human Rights ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က ပြောပါတယ်။

တိုက်ပွဲဖြစ်ကြတဲ့ ရွာက ခန် တိုမန် ရွာဖြစ်ပြီး အစိုးရ က သိမ်းထားခဲ့တဲ့ အခြေအနေ ကနေ သူပုန်အဖွဲ့တခု က ပြန်သိမ်းထားနိုင်ပြီလို့ သူတို့က ဆိုပါတယ်။

အစောပိုင်းတုန်း ကလည်း ကုလသမဂ္ဂ လူသားချင်း ကူညီရေး ဆိုင်ရာ အကြီးအကဲ စတက်ဖန် အိုဘရိုင်ယန် ကြာသပတေးနေ့က လူ ၃၀ လောက်သေဆုံးခဲ့ရတဲ့ ဆီးရီးယား ဒုက္ခသည် စခန်းတခုကို လေကြောင်း ကနေ တိုက်ခိုက်မှု ဟာ စစ်ရာဇ၀တ်မှုမြောက် တယ်လို့ ပြောလိုက်ပါတယ်။

သူက ဆီးရီးယား အစိုးရ တပ်တွေ က လုပ်ခဲ့တာ လို့ အစပိုင်း သတင်းတွေ အရ သိရပါတယ်၊ သူတို့ ဒါကို စုံစမ်းသွားမယ်၊ ဘယ်သူ က လုပ်တာ ဖြစ်စေ တရားစီရင်ရေး ရဲ့ရှေ့မှောက်ကို ရောက်အောင် လုပ်ရမယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ