တရုတ်နယ်စပ်အနီး ယမ်းသိုလှောင်ရုံ ပေါက်ကွဲ

_mongla_ndaa_explosion_
Image caption ပေါက်ကွဲမှု ဖြစ်တဲ့ အနီး တရုတ်နိုင်ငံ ဘက်က ဧည့်သည် ထောင်ချီ ရှိနေ။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလား မြို့ပြင်မှာ မနက် ၈ နာရီ ကျော် ဝန်းကျင်က ယမ်းတွေ သိုလှောင် ထားတဲ့ ဂိုဒေါင် တစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရ သွားတယ်လို့ ဒေသခံ လက်နက်ကိုင် NDAA တပ်က ပြောပါတယ်။

NDAA တပ်ရဲ့ သတ္တုထုတ်လုပ်ရေး မိုင်းတွင်းသုံး ယမ်းတွေ သိုလှောင် ထားတဲ့ နေရာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး၊ ရာသီ ဥတု ပူပြင်း နေတဲ့ အခြေ အနေ အပါအဝင် အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် အခုလို ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ် ဆိုပြီး NDAA ရဲ့ NDAA ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေး ကော်မတီရဲ့ အထွေထံေ အတွင်းရေးမှုး ဦးကြည်မြင့်က ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ရာ ပေ ၁၅၀ အတွင်းမှာ ကျည်ဆံခွံတွေ၊ အပျက်အစီးတွေ ပြန့်ကျဲ နေတယ်လို့ အစိုးရ သတင်းဌာန က ထုတ်ပြန်ခဲ့ပေမယ့် ဦးကြည်မြင့် ကတော့ အခင်း ဖြစ်ရာ နေရာဟာ လက်နက် တိုက် မဟုတ်ပဲ၊ ပစ္စတို လို သေနတ် အငယ်စားနဲ့ ကျည်ဆံ တချို့ ပဲ အထဲ မှာ ရှိတယ်လို့ ဆိုပါတယ်။

ပေါက်ကွဲခဲ့တဲ့ နေရာဟာ တရုတ် မြန်မာ နယ်စပ်၊ မိုင်တိုင် အမှတ် ၂၁၈ အနီး တည်ရှိတာ ဖြစ်ပြီး၊ တရုတ် ပြည်ဘက်က နယ်ခြားဝင်ပေါက် တားလှော် နဲ့လည်း နီးကပ်တဲ့ အတွက် အခု ပေါက်ကွဲမှု အတွက် ဂယက်ရိုက်ခတ်မှု ကြီးမားတယ် လို့ ဦးကြည်မြင့်က ပြောပါတယ်။

ဦးကြည်မြင့် ရဲ့ အဆိုအရ ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာ အဲဒီ့ နယ်စပ် ဂိတ် အနီး တရုတ်နိုင်ငံ ဘက်က ဧည့်သည် ထောင်ချီ ရှိနေတဲ့ အတွက် ပေါက်ကွဲမှု သတင်းဟာ လူတွေ အကြား စိုးရိမ်မှု တွေ များပြား စေခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ