အလုပ်သမားတွေ နေပြည်တော်အထိ ချီတက်မှု (၅)ရက် ရပ်နား

_sagine_workers_march
Image caption အလုပ်ရှင် အလုပ်သမားနဲ့ အစိုးရ ၃ ပွင့်ဆိုင် ဆွေးနွေးဖို့ တောင်းဆို ထား။

စစ်ကိုင်းကနေ နေပြည်တော်အထိ ချီတက် ဆန္ဒပြနေတဲ့ အလုပ်သမား တွေဟာ အလုပ်သမားဝန်ကြီး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့အပြီးမှာတော့ သူတို့ ချီတက်မှုကို ၅ရက် ရပ်နား လိုက်ပါတယ်။

မေ ၆ ရက်နေ့က တွေ့ဆုံပွဲမှာတော့ အလုပ်ရှင် ပါမလာတဲ့အတွက် အလုပ်သမားတွေ ဘက်က တောင်းဆိုချက်တွေ ကို သဘောတူ လိုက်လော ခဲ့တာမျိုး မရှိပေမယ့် အစိုးရက တောင်းဆိုတဲ့ အတိုင်း ၅ရက် ရက်နားပေးဖို့ ကိုတော့ အလုပ်သမား ခေါင်းဆောင်တွေ သဘောတူ ခဲ့ပါတယ်။

အလုပ်သမားတွေဟာ စက်ရုံကနေ အထုတ်ခံရတဲ့ အလုပ်သမားတွေ အားလုံး အလုပ်ပြန်ခန့်ရေး နဲ့ အလုပ်ရှင် အလုပ်သမား မကျေလည်မှုတွေ ကို အလုပ်ရှင် အလုပ်သမားနဲ့ အစိုးရ ၃ ပွင့်ဆိုင် ဆွေးနွေးဖို့ တောင်းဆို ထားတာပါ။

လောလောဆယ်မှာ စက်ရုံ အလုပ်ရှင်က နိုင်ငံခြား ခရီးရောက်နေတဲ့ အတွက် ဆွေးနွေးပွဲမှာ မပါပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ကိုတော့ အလုပ်ရှင်နဲ့ကြား ညှိနှိုင်း ပေးမယ်လို့ အစိုးရဘက်က ပြောပါတယ်။

စစ်ကိုင်း ပတ္တမြား စက်မှုဇုန် မှာရှိတဲ့ အိန္ဒိယနိုင်ငံသားပိုင် အထပ်သား စက်ရုံက အလုပ်သမား ၁၆၀ ကျော်ဟာ စက်ရုံရှေ့မှာ ၂ လ ကြာလောက် ထိုင်သပိတ် နဲ့ ဆန္ဒပြခဲ့ ကြပြီးနာက် အလုပ်ရှင်ဘက်က လိုက်လျောမှု တွေ မပြုလုပ် တဲ့အတွက် အစိုးရကို အသိပေးဖို့ နေပြည်တော်ကို ချီတက် လမ်းလျှောက် လာကြတာ ဖြစ်ပါတယ်။

အခုတော့ ဝမ်းတွင်းမြို့က ဘုန်ကြီးကျောင်းမှာ (၅)ရက်ကြာ စခန်းချ စောင့်ဆိုင်းနေပြီး အစိုးရဘက်က အကြောင်းကြားတာကို စောင့်ဆိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ