ဖားကန့်ဒေသထဲ တိုက်ပွဲတွေ ပြန်ဖြစ်၊ မြို့ပေါ်မှာ ဗုံးတွေကွဲ

_pharkant_map
Image caption ဖားကန့်နဲ့ လုံးခင်း လမ်းတွေ ပိတ်နေပြီး ကူးသန်း သွားလာလို့ မရ ဖြစ်နေ။

ဖားကန့်မြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင် မှာ မေလ ၈ ရက် တနင်္ဂနွေ နေ့က ဗုံး ၅ လုံး ကွဲပြီး လက်နက်ကြီးကျည် ကျတာလည်း ဖြစ်ခဲ့ ပါတယ်။

အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရပြီး မစိုးရိမ်ရဘူး လို့ ဖားကန့်ရဲစခန်းက အတည်ပြုပါတယ်။

အခုလို ဗုံးတွေကွဲတာ လက်နက်ကြီး ကျည်ကျတာတွေဟာ ဘယ် အဖွဲ့ရဲ့ လက်ချက် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါပေမယ့် ဖားကန့် မြို့နယ်ထဲ ရွေးကောက်ပွဲ မတိုင်ခင် အချိန် လောက်က စပြီး တိုက်ပွဲတွေ ငြိမ်သက် သွားတာကနေ အခုတော့ ကချင်လက်နက်ကိုင် KIA နဲ့ အစိုးရတပ် ကြား တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး တနင်္ဂနွေ နေ့က လည်း တိုက်ပွဲ တွေ ရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အခုဆိုရင် ဖားကန့်နဲ့ လုံးခင်း လမ်းတွေ ပိတ်နေပြီး ကူးသန်း သွားလာလို့ မရ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ