လက်ပံတောင်း အရေး စေ့စပ်ညှိနှိုင်းမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption သီးနှံ လျော်ကြေး၊ စီမံကိန်း ဖျက်သိမ်းရေး၊ ဒေါ်ခင်ဝင်းကို ပစ်သတ်တဲ့ တရားခံ ဖေါ်ထုတ် ပေးရေး နဲ့ ဧက ၁၉၀၀ ပြန်ပေးရေး တောင်းဆိုမယ်

မုံရွာ တစ်ဖက်ကမ်း က လက်ပံတောင်း တောင် အရေး ဆန္ဒပြ သူတွေဟာ အစိုးရ သစ် ကနေ တစ်ဆင့် စေ့စပ် ညိနှိုင်းတဲ့ နည်းတွေနဲ့ ဖြေရှင်းဖို့ သဘောတူ လိုက်ပါပြီ ။

ပြီးခဲ့တဲ့ ရက်ပိုင်း တွေက ကြေးနီ စီမံကိန်း ပြန်စ မယ် ဆိုလို့ တရုတ် ဝန်ပေါင် ရုံးရှေ့မှာ လမ်းတွေ ပိတ်ပြီး ဆန္ဒပြ မှုတွေဟာ မေလ ၉ ရက်နေ့ မှာတော့ ရပ်နား သွားပါ ပြီ။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ ဒေသခံ ပြည်သူတွေ တွေ့ဆုံ ဖြေရှင်း ကြမှာ ဖြစ်တယ်လို့ ကြားဝင် ညှိနှိုင်း ပေးသူ ဆားလင်းကြီး မြို့နယ် တိုင်း ဒေသကြီး ကိုယ်စားလှယ် ဦးသိန်းနိုင် က ပြောပါတယ်။

ညှိနှိုင်း စကား ပြောတဲ့ အခါ လယ်ယာ လျော်ကြေး မယူပဲ သီးနှံ စိုက်ခွင့် မရတဲ့ အတွက် သီးနှံ လျော်ကြေး တောင်းဖို့၊ အစီရင်ခံစာ ကို မလိုက်နာတဲ့ အတွက် ကြေးနီ စီမံကိန်း ဖျက်သိမ်းဖို့၊ ဒေါ်ခင်ဝင်းကို ပစ်သတ် လိုက်တဲ့ တရားခံကို ဖေါ်ထုတ်ပေးဖို့ နဲ့ အစီရင်ခံစာ ထဲပါတဲ့ ဧက ၁၉၀၀ ကို ပြန်ပေးရေး တို့ကို တောင်းဆိုမှာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ ကို ဦး ဆောင်သူ တုံရွာ က မမာချိုက ပြောပါတယ်။

၂၀၁၂ ခုနှစ် ကစပြီး ကန့်ကွက် မှုတွေ စခဲ့တဲ့ ဒီ လက်ပံတောင်း တောင် စီမံ ကိန်း ဟာ ရဲတပ်ဖွဲနဲ့ ဆန္ဒပြသူတွေ ကြားမှာ ထိပ်တိုက် တွေ့ဆုံမှု တွေ ရှိပြီး မိုးကြိုးပြင် ရွာက ဒေါ်ခင်ဝင်း ဟာ သေနတ် ထိမှန် သေဆုံးခဲ့ ပါတယ်။

၄ နှစ် နီးပါးရှိ လာတဲ့ လက်ပံတောင်း တောင် စီမံကိန်း ဟာ လာ မယ့်ရက်ပိုင်း အတွင်းမှာ စီမံကိန်း ပြန်စဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ပြဿနာ ဖြစ်ခဲ့တဲ့ လက်ပံတောင်း စီမံကိန်း ကို အရင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ သွားရောက် တွေ့ဆုံ ညှိနှိုင်း သ လို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း သွားရောက် ရှင်းလင်းတာတွေ ရှိပေမယ့် ပြဿနာဟာ ပြေလည်တဲ့ အဆင့် ကိုတော့ ရောက်မလာခဲ့ပါ။

ဒါပေမယ့် အခု ဒီပြဿနာ ကို စစ်ကိုင်းတိုင်း အစိုးရ ဘက်က ရက် ၁၀ဝ အတွင်း စပြီး ကိုင်တွယ်ဖို့ ကြိုးစား လာတာ လည်း ဖြစ်ပါတယ်။