ဖားကန့် ကျောက်စိမ်းတွင်းတူး စက်ကြီးတွေ ကို တားဖို့ ဒီနှစ်အတွင်း မဖြစ်နိုင်

phakant ဓာတ်ပုံ မူပိုင် AFP
Image caption မြေစာပုံ ပြိုကျ လို့ သေဆုံးရသူ အများအပြား ရှိခဲ့

ဖားကန့် ကျောက်စိမ်းတွင်း တွေမှာ ယန္တရား စက်ကြီးတွေနဲ့ အဆမတန်တူးနေတာ ကို တားနိုင်ဖို့ ဥပဒေ လုပ်ရဦးမှာ ဖြစ်တဲ့အကြောင်း နဲ့ ဒီနှစ်အတွင်း ပြီးအောင်လုပ်မယ်လို့ မြန်မာအစိုးရ ဝန်ကြီး တယောက် က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က လွှတ်တော်အမတ် ဦးခင်မောင်မြင့် က ဖားကန့်ဒေသ က ကျောက်စိမ်းတွင်းတွေ အဆမတန် တူးဖော်နေတာတွေ၊ မြေစာတွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ပုံနေတာတွေကို နိုင်ငံတော်အစိုးရ အနေနဲ့ တားမြစ်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ပါတယ်။

အဆိုပါ မေးမြန်းချက် နဲ့ပတ်သက်လို့ ဘယ်လို ဖြေရှင်းခဲ့သလဲဆိုတာ ကို လွှတ်တော်မှာ အဖြေပေးခဲ့တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ကို ဘီဘီစီ က မေးတဲ့အခါ သူ က ဒီ ကိစ္စတွေ ကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဥပဒေတွေ နည်းဥပဒေတွေ ရေးဆွဲပြဌာန်း ရမှာ ဖြစ်ကြောင်းနဲ့ အဲဒါတွေ ကို ဒီနှစ် မကုန်ခင် ပြီးအောင်လုပ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် သူက စက်ယန္တရားကြီး တွေ ကို ထပ်တိုးမလုပ်ဖို့ ပြောထားတဲ့အကြောင်းနဲ့ အခုလောလောဆယ် မှာတော့ စက်ယန္တရား အစီး ၆၉၀၁ စီး သုံးပြီး ကျောက်စိမ်း ကုမ္ပဏီတွေ က ကျောက်စိမ်း တူးဖော် နေကြကြောင်း ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း တွေမှာ တူးဖော်နေကြတာတွေ ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးကာ ဒေသခံ တို့ ထိခိုက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်လာသလို၊ မြေစာပုံတွေ ပြိုကျ ပိမိလို့ လူတွေ လည်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ