ဖားကန့်မြို့ ဥရု ရတနာ တံတားနားမှာ ဗုံးပေါက်

Image caption ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖားကန့်ဒေသမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေ

တိုက်ပွဲတွေဖြစ်နေတဲ့ ဖားကန့်ဒေသမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ ကြားက မတ်လ ၁၂ရက် ည ၈နာရီ လောက်က ဖားကန့်မြို့ ဥရု ရတနာ တံတားနားမှာ ဗုံးထပ်ကွဲခဲ့တယ်လို့ သိရပါတယ်။

ညဘက် ၈နာရီလောက်ကစလို့ လူတွေအပြင်မထွက်ရဲသလို ည ၈ နာရီနဲ့ ၉ နာရီကြား မီးပျက်ချိန်ရောက်တိုင်း ဗုံးကွဲလေ့ ရှိတယ်လို့ ဒေသခံတဉီးက ဘီဘီစီကို ပြောပါတယ်။

ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာမျိုး မရှိပေမယ့် ည၉နာရီ နောက်ပိုင်း အပြင်မထွက်ကြဖို့ သက်ဆိုင်ရာက အသံချဲ့စက်တွေနဲ့ လိုက်လံ နှိုးဆော်ထားတယ်လို့ ပြောပါတယ်။

မေလ ၈ ရက်နေ့က ဖားကန့်မြို့ပေါ်နဲ့ အနီးတဝိုက် ဗုံးတွေကွဲခဲ့သလို လက်နက်ကြီးကျည်တွေ ကျခဲ့တာကြောင့် အမျိုးသမီးတဦး ပေါင်မှာ သေနတ် ထိမှန်ခဲ့သလို မေလ ၉ ရက် ညကလည်း ရဲစခန်း တခုကို လက်ပစ်ဗုံးနဲ့ အပစ်ခံရလို့ ဝန်ထမ်း လိုင်းခန်း မီးလောင် သွားခဲ့ပါတယ်။