SSPP တပ်စခန်းတွေ အရေး ကျောက်မဲ မြို့နယ်ထဲ တိုက်ပွဲတွေ ဖြစ်လာပြန်

sspp_ssa_shan
Image caption SSPP/SSA ရဲ့ တပ်စခန်း တွေ ဖယ်ရှား ပေးဖို့ အစိုးရ စစ်တပ် ဘက်က တောင်းဆို ထားတာ မှာ နှစ်ဘက် ပြေလည်မှု မရ။

ရှမ်းပြည်နယ် ကျောက်မဲ မြို့နယ်ထဲမှာ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ အစိုးရ စစ်တပ်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း တိုက်ပွဲ ပြင်းထန် ခဲ့ပြီး အစိုးရ စစ်တပ် ဘက်က လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ မေလ ၁၂ ရက်နေ့ တိုက်ပွဲ မှာ အစိုးရတပ် ဘက်က အထိခိုက် အကျဆုံး များခဲ့တဲ့ အတွက်၊ နောက်တစ်ရက်မှာ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက် လာခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက် အကျအဆုံး စာရင်း အတိအကျကိုတော့ မသိရပါဘူး။

တိုက်ပွဲတွေကြောင့် ကျောက်မဲ မြို့နယ် နောင်ဗိန် ကျေးရွာကို တိုက်ပွဲဖြစ်ရာ ပတ်ဝန်းကျင် ကျေးရွာ တွေက ထွက်ပြေး လာကြသူတွေ ရာနဲ့ချီပြီး ရောက်ရှိ နေတယ်လို့ ဒုက္ခသည်တွေ အရေး ကူညီ ဆောင်ရွက် နေသူ တစ်ဦးက ဆိုပါတယ်။

SSPP/SSA ရဲ့ တပ်စခန်း တွေ ဖယ်ရှား ပေးဖို့ အစိုးရ စစ်တပ် ဘက်က တောင်းဆို ထားတာ မှာ နှစ်ဘက် ပြေလည်မှု မရပဲ အခုလို တိုက်ပွဲတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ