ပြန်ကြားရေးကို ပုဂ္ဂလိက ပံ့ပိုးသင့်လို့ ဝန်ကြီးပြော

  • 15 မေ 2016
Image caption အစိုးရပိုင်မီဒီယာတွေ ဆက်ပြီး ရှိသင့်ကြောင်းနဲ့ ပိုမိုအားကောင်း လာအောင် ပုဂ္ဂလိက မီဒီယာတွေ က ကူညီထောက်ပံ့သင့်လို့ ပြန်ကြားရေး ဝန်ကြီးပြော

မေလ ၁၅ ရက်နေ့က ရန်ကုန် မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ မြန်မာနိုင်ငံရဲ့ မီဒီယာ ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက် ပြီး ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ခဲ့ပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်က အစိုးရပိုင်မီဒီယာတွေ ဆက်ပြီး ရှိသင့်ကြောင်းနဲ့ ပိုမိုအားကောင်း လာအောင် ပုဂ္ဂလိက မီဒီယာတွေ က ကူညီထောက်ပံ့သင့် တယ် လို့ပြောဆိုဆွေးနွေးသွားပါ တယ်။

အခု ဆွေးနွေးပွဲ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရအနေ နဲ့ ပြည်သူကို မျက်နှာမူတဲ့ မူဝါဒတွေ ကို ချမှတ် အကောင်အထည်ဖော်ရာမှာ အထောက် အကူပြုဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲ မှာတက်ရောက်လာသူတွေ အများဆုံးဆွေးနွေးကြတဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံ က အစိုးရပိုင်မီဒီယာတွေ ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဆက်ပြီး ရှိသင့်မရှိသင့်ဆိုတဲ အကြောင်းအရာ ဖြစ်ပါတယ်။

ဒါ နဲ့ပတ်သတ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဖေမြင့် က မိမိတို့ရဲ့ သဘောဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တဲ့ အတွက် ကျေးဇူးတင်ကြောင်း၊ အခု ဆွေးနွေး ပွဲမှာ ကဏ္ဍ ၂ ခု တွေ့မြင် ခဲ့ရပြီး တစ်ခု က ပြန်ကြားရေး မရှိသင့်ကြောင်း ပြောတဲ့ ကဏ္ဍ၊ နောက်တစ်ခုက မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ပြန်ကြားရေးက ဆောင်ရွက် ပေးသင့်တယ်လို့ ဆွေးနွေး ကြတာတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ပြန်ကြားရေး ဆိုတဲ့ သစ်ကိုင်းကြီးကို တက်ထိုင်နေပြီး ခုတ်လည်း ခုတ်ပစ်ချင်တဲ့ သဘောမျိုးကို တွေ့မြင်ရတယ်လို့ လည်း ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။

မြန်မာ့ သတင်း မီဒီယာ ဖွံဖြိုး တိုးတက် လာစေရန် ရည်ရွယ်ပြီး တော့ သက်ဆိုင် သူများ စုံညီစွာ ပါဝင်ဆွေးနွေး နှီးနှော ဖလှယ်တဲ့ ဒုတိယ အကြိမ် မြောက် ဆွေးနွေး ပွဲဖြစ်ပါတယ်။

မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှု နောက်နိုင်ငံ ပိုင်မီဒီယာတွေ ရဲအကူးအပြောင်း မြန်မာနိုင်ငံ ရေဒီယိုရုပ်သံတွေရဲ ႕လုပ်ငန်းအကြောင်းဆိုပြီး ခေါင်းစဉ် ၃ခု ခွဲပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။

The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ က Broadcast Media တွေကို ပြည်သူကို ကိုယ်စားပြု တဲ့ လုပ်ငန်း အဖြစ် ဆောင်ရွက်ဖို့၊ အစိုးရ သတင်းစာ တွေ ရှိနေတဲ့ အတွက် ပုဂ္ဂလိက သတင်းစာ လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေတဲ့ အကြောင်း တွေ ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆွီဒင် ဒိန်းမတ် စတဲ့ သံရုံး တွေက တက်ရောက် ကြသလို နိုင်ငံတကာ မီဒီယာဖွံ့ဖြိုးရေး အကူညီပေးရေး လုပ်ငန်းတွေ လုပ်နေ တဲ့ အဖွဲစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာပြောင်းလဲ ရေး ကို ၂၀၁၃ ခုနှစ် လောက်ကစ ပြီး ဆောင်ရွက် လာခဲ့ တာ ဖြစ်ပါတယ်။

နိုင်ငံပိုင်မီ ဒီယာတွေ ဟာ ပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ် ထား ပြီး ပြန်ကြားရေးဝန်ကြီးဌာန ထားရှိဖို့ ကို အရင်အစိုးရ လက်ထက် မှာတည်းက ပြောနေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် မှာ ပြန်ကြားရေး ဝန်ကြီး ရဲ့ ပြောကြား မှုကြောင့် တက်ရောက်လာသူ သတင်း မီဒီယာ အသိုင်းဝိုင်း မှာ အံဩပြီး စိုးရိမ် မှုတွေ ရှိနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ