သမ္မတ ရုရှားခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမှာ မဟုတ်

_president_u_htin_kyaw_russia_trip
Image caption ရုရှား-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ။

ရုရှားနိုင်ငံ ဆော့ထ်ချီမြို့မှာ ကျင်းပမယ့် ရုရှား-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို သွားတက်မှာ ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ မေလ ၁၈ ရက် ရုရှား နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက အတည်ပြုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီရက်ပိုင်းတွေ ထဲမှာပဲ ပြည်တွင်းမှာ ဦးစားပေး ဆောင်ရွက်ရမှာ တွေ ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးအောင်လင်းက ဘီဘီစီကို ပြောပါတယ်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အစောပိုင်း မှာ ရှိနေသလို၊ မေလ ၂၂ ရက်နေ့ ကျရင်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ ရုရှား ခရီစဉ် အတွင်းမှာတော့ ၂၀၁၅ မှာ ပေါ်ပေါက်လာတဲ့ ASEAN Community လို့ ခေါ်တဲ့ အာဆီယံ အသိုင်းအဝိုင်း အောင်မြင်ရေးမှာ ရုရှားကလည်း ဝိုင်းဝန်း ကူညီဖို့ အပါအဝင် အာဆီယံ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ ရုရှားရဲ့ အခန်းကဏ္ဍ ကိုလည်း မြန်မာ နိုင်ငံ အနေနဲ့ အသိအမှတ် ပြုတဲ့ အကြောင်းတွေ ပြောဆို သွားဖို့ ရှိတယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

ခရီးစဉ် အတွင်း ရုရှား နိုင်ငံ ခေါင်းဆောင်နဲ့ သမ္မတ ဦးထင်ကျော် သီးခြား တွေ့ဆုံဖို့လည်း ရှိနေပြီး ၂ နိုင်ငံကြား ဆောင်ရွက် နေဆဲ ကိစ္စတွေ ဆက်လက် တိုးမြှင့် နိုင်ဖို့ အရေး ဆွေးနွေး ဖြစ်နိုင်တယ်လို့ ဦးအောင်လင်းက ဆိုပါတယ်။

ရုရှားနဲ့ မြန်မာအကြား သိပ္ပံနဲ့နည်း ပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်လို့ ဦးအောင်လင်းက ပြောပေမယ့် ပြီးခဲ့ သီတင်းပတ်ကပဲ လွှတ်တော်ကနေ အတည်ပြုခဲ့တဲ့ မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ သဘောတူညီချက်နဲ့ စပ်လျှင်းပြီး သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်း လက်မှတ် တစုံတရာ ရေးထိုးနိုင်သလား ဆိုတာကိုတော့ သူ့ အနေနဲ့ အသေးစိတ် မသိဘူးလို့ ဦးအောင်လင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ