ရခိုင် လွှတ်တော် အရေးပေါ် အစည်းအဝေး ၄ရက် ပြီးဆုံး

  • 16 မေ 2016
_rakhine_refugee ဓာတ်ပုံ မူပိုင် epa
Image caption ဒုက္ခသည်တွေကို ကူညီရေး အတွက်လည်း ဆွေးနွေး ခဲ့။

ရခိုင်ပြည်နယ် လွှတ်တော်ကို အရေးပေါ် ခေါ်ယူပြီး ၄ ရက်တာ ဆွေးနွေး ခဲ့ကြတာမှာ ကျန်းမာရေး၊ ဆောက်လုပ်ရေးနဲ့ တိုင်းရင်းသားရေးရာ စတဲ့ ကဏ္ဍ အသီးသီး အတွက် ကော်မတီတွေ ဖွဲ့စည်း ခဲ့ကြသလို၊ ရခိုင်ပြည်နယ်တွင်း ပေါ်ပေါက် နေတဲ့ စစ်ပွဲတွေကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည်တွေကို ကူညီရေး အတွက်လည်း ဆွေးနွေး ခဲ့ကြပါတယ်။

အရေးပေါ် အစည်းအဝေး နောက်ဆုံးရက် ဖြစ်တဲ့ မေလ ၁၆ ရက် တနင်္လာနေ့ကတော့ ရခိုင်ပြည်နယ်ထဲ တည်ဆောက်ခဲ့ တည်ဆောက်ဆဲ လမ်းတံတား အများစုဟာ အရည်အသွေး မပြည့်မီဘူးလို့ ပြည်နယ် အမတ်တွေက မေးခွန်းထုတ်ခဲ့ ကြပြီး၊ ပြည်နယ် စည်ပင်ဝန်ကြီးလည်း လွှတ်တော်ထဲ လာရောက် ဖြေဆို ခဲ့ပါတယ်။

အရင် အစိုးရ လက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ သဘောတူချက်၊ အာမခံချက်တွေ အတိုင်း ဆောက်လုပ်ရေး ကန်ထရိုက်တွေ ဘက်က ပျက်ကွက်တာကို တွေ့ရရင် အရေးယူ ဆောင်ရွက်သွားမယ်လို့ စည်ပင်ဝန်ကြီး ဦမင်းအောင်က ပြောပါတယ်။

ဖွံ့ဖြိုးမှု နောက်ကျတဲ့ ပြည်နယ် ဖြစ်တာကြောင့် ရခိုင်ပြည်နယ်ထဲ ဗဟို အစိုးရကနေ လမ်း၊ တံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ တာတမံ စတာတွေ ဆောက်လုပ်ဖို့ အသုံးစားရိတ် ဘတ်ဂျက်ငွေတွေ ချပေး ခဲ့ပေမယ့်၊ လုပ်ငန်း လုပ်ဆောင်ခွင့်ရတဲ့ ကုမ္ပဏီ တချို့ရဲ့ ပျက်ကွက်မှုကြောင့် လမ်းတံတား အဆောက်အဦး တွေ အရည်အသွေး မပြည့်မီ ဖြစ်နေတဲ့ အပေါ် ဒေသခံ ပြည်သူတွေ အကြား မကျေမနပ် ဖြစ်နေ ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ