KIA ကို တပ်မတော် က လေကြောင်း က တိုက်

_kia_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption KIA လက်နက်ကိုင်နဲ့ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်။

ကချင် ပြည်နယ် မန်စီ မြို့နယ်ထဲမှာ ဒေသခံ KIA လက်နက်ကိုင်နဲ့ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပြီး အစိုးရတပ်ဘက်က လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ် ခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ ကို အစိုးရ စစ်တပ်က တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး ဘွမ်ဂျမ်ဘွန် ဆိုတဲ့ နေရာကို အစိုးရ စစ် ရဟတ်ယာဉ်တွေက မေလ ၁၈ ရက် ညနေ ၃ နာရီ ကျော်မှာ လေကြောင်း တိုက်ခိုက် ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြာရေး ဌာနက ဒုဗိုလ်မှုးကြီး နော်ဘူက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း တိုက်လေယာဉ်တွေ သုံးပြီး အစိုးရတပ်က တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက် ကျဆုံးမှု ရှိတယ်လို့ ပြောပေမယ့် သေဆုံး ဒဏ်ရာရ စာရင်း အတိတကျကိုတော့ ကေအိုင်အေက မထုတ်ပြန် သေးပါဘူး။

အစိုးရတပ် လှည့်ကင်းတွေနဲ့ ကေအိုင်အေ ချထားတဲ့ ကာကင်းတွေကြား ထိတွေ့ ပစ်ခတ် မှုတွေ ဖြစ်ခဲ့ ကြတာကနေ အစိုးရတပ်ဘက်က အခုလို လေကြောင်း ပစ်ကူတွေပါ သုံးလာတာ ဖြစ်တယ် လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဒေသမှာ ၃-၄ လတာ သေနတ် သံတွေ တိတ်နေရာက အခုလို ပြန်ဖြစ် လာတာပါ။

ပြီးခဲ့တဲ့ ရက်တွေ တုန်းကလည်း ကေအိုင်အေနဲ့ အစိုးရ တပ်ကြား ဖားကန့်နယ်ထဲ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ