KNU လော်ခီးလာ ညီလာခံ

  • 20 မေ 2016
KNU conference
Image caption ကေအန်ယူ လော်ခီးလာ ညီလာခံ

ကေအင်ယူရဲ့ လော်ခီးလာခေါ် လေးဝါးစခန်းက ၅ ရက်တာ ဆွေးနွေးပွဲကနေ၊ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကိုတက် ရောက်မယ့် ပုဂ္ဂိုလ်တွေ ရွေးချယ်ရေး အပြင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျရင်၊ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်နယ်အဆင့် မှာတော့၊ ဒေသတွင်းမှာ ရှိတဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောထားအမြင်တွေကို ရတယ်လို့ ကေအင်ယူက သောကြာနေ့က နောက်ဆုံးနေ့ ဆွေးနွေး အပြီးမှာ ပြောပါတယ်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်ပြီးတော့၊ကေအင်ယူဟာမူလသဘောထားအတိုင်း ဖြစ်တယ်လို့ ကေအင်ယူ အထွေ ထွေအတွင်းရေးမှူးဗဒိုကွယ်ထူးဝင်ပြောပါတယ်။

ဖက်ဒရယ် စနစ်ဆီသွားဖို့ အတွက် အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုပေမယ့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ရေးကို နိုင်ငံရေးဆွေးနွေးပွဲကျမှ လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။

ကရင်အမျိုးသမီးတွေလည်း အခုဆွေးနွေးပွဲကို တက်ရောက်ကြပါတယ်။

ကရင် အမျိုးသမီး နော်ဆေးဆေးက ဒီလိုဆွေးနွေးပွဲတွေကို ကရင်ပြည်နယ် တခုလုံးအပြင် မြန်မာနိုင်ငံထဲက တခြား တိုင်းဒေသကြီး တွေနဲ့ ပြည်နယ် တွေက၊ ကရင်လူထုရှိတဲ့ နေရာတွေမှာ၊ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် ကျင်းပသွားဖို့ ဒီညီလာခံကသဘောတူထားတယ်လို့လည်း ဆိုပါတယ်။