ရိုနု ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံကိုဖြတ်

  • 21 မေ 2016
ရွန်နု ဆိုင်ကလုန်းလမ်းကြောင်း ဓာတ်ပုံ မူပိုင် Bangladesh meteorological Department
Image caption ရွန်နု ဆိုင်ကလုန်းလမ်းကြောင်း

ရွန်နု ဆိုင်ကလုန်း မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော်တဲ့ အတွက် လူ၂၀သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ခဲ့ပါတယ်။ဒီမုန်တိုင်းဟာ ကုန်းတွင်းပိုင်း မုန်တိုင်းငယ်အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းတို့ကိုဖြတ်ကျော်ခဲ့ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ကမ်းဒေသမှာ ဒီရေတွေ တက်လာတဲ့အတွက် ရွာတွေမှ လူပေါင်း၈၀လောက် ပေါက်တောမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။

မုန်တိုင်း လမ်းကြောင်းနဲ့ အနီးဆုံး မောင်တောမှာတော့ ဆေးရုံက လူနာတွေကိုကုန်းမြင့်ရာ ကျောင်းကို ရွှေ့ထားရတယ်လို့ မြို့နယ် အုပ်ချု်ပရေးမှူးက ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူဆေးရုံက လူနာ၉၀ကျော်နဲ့ ဒုက္ခသည်စခန်းတွေကလူတွေကိုလည်း ကြိုတင်ရွှေ့ပြောင်းထားနိုင်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယအထွေထွေအ တွင်းရေးမှူးဒေါက်တာအောင်ကျော်ထွတ်က ဘီဘီစီကိုပြောပါတယ်။

မုန်တိုင်း ဒဏ်ခံရမယ့် နေရာတွေမှာ ကြိုတင်အသိပေးတာမျိုး၊ဘေးကင်းရာကို ရွှေ့တာမျိုးလုပ်ဖို့လိုပြီး မုန်တိုင်းလွန် ကာလမှာတော့ ရေသန့်ရအောင်လုပ်ဖို့ ကျန်းမာရေးအတွက် တကိုယ်ရေ သန့်ရှင်းရေးရှိဖို့ အရေးကြီးကြောင်း ဒေါက်တာ အောင်ကျော်ထွတ်က ပြောပါတယ်။ လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကိုလည်း တအိမ်ထောင်ကို ၅ယောက်နှုန်းနဲ့တွက်ပြီး ဖြန့်ဝေဖို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ကြိုတင် ဆောင်ရွက် ထားတယ်လို့သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် နောက်၂ရက်အတွင်း တနိုင်ငံလုံး မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း မန္တလေးတိုင်း မကွေးတိုင်း ဧရာဝတီတိုင်း ကချင်ပြည်နယ် ချင်းပြည်နယ် ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နေရာကွက်ကြား မိုးကြီးမယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ