ရှမ်းပြည်မှာ စစ်တပ်က သတ်ဖြတ်မှုတွေ လုပ်ခဲ့လို့ ဒေသခံတွေပြော

Image caption ဒေသခံ တစ်ဦး ရဲ့ ပြောကြားချက် အရ အစိုးရ တပ်မတော် ရဲ့ လက်ချက်ကြောင့် သေဆုံး ခဲ့ရတာ ဖြစ်

အစိုးရ တပ်မတော်နဲ့ SSPP/SSA ရှမ်းပြည် မြောက်ပိုင်း လက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် နေရပ် မပြန်ရဲတဲ့ စစ်ဘေး ရှောင် တွေကို ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေက အိမ်တိုင်ယာရောက် လိုက်ပို့ ခဲ့ကြပါတယ်။

ဒီလိုလိုက်ပို့တဲ့နေရာမှာ ကျောက်မဲမြို့နယ်ထဲက ပန်လော့နဲ့ ဝိုးလုံရွာမှာ သတ်ဖြတ်ခံထားရတဲ့ အလောင်း တွေနဲ့ အပျက်အစီးတွေ တွေ့ခဲ့ ရတယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့ နောက် နယ်မြေတွေက ထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေကို သွားပြန်ပို့ ပေးတော့ ပန်လော့ရွာ နားမှာ မီးရှို့ခံထား ရတဲ့ အလောင်း (၃) လောင်း တွေ့ရကြောင်း SNLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က ပြောပါတယ်။

ဝိုးလုံရွာမှာ ဆိုရင် အိမ်တစ်လုံးထဲမှာ မီး ရှို့ခံထားရတဲ့ အလောင်း (၂) လောင်း ကို တွေ့ ခဲ့ရပြီး အိမ်သာကျင်း ထဲမှာ နောက်ထပ် (၁) လောင်းနဲ့ ရွာ အပြင်မှာ နောက်ထပ် (၂) လောင်း ကို တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံ တစ်ဦး ရဲ့ ပြောကြားချက် အရ အစိုးရ တပ်မတော် ရဲ့ လက်ချက်ကြောင့် သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ သူ့ကို ပြောကြောင်း ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

စစ်ဘေးရှောင် ပြေးလာသူတွေကို စစ်တပ် ဘက်က ပေါ်တာ ဆွဲတာမျိုးတွေ လည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော် ဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုတာလည်း မှန်ကြောင်း သူက ပြောပါတယ်။

အရင်တုန်းက စစ်ပွဲတွေ ကြောင့် ပြေးလာခဲ့သူတွေကို နေရင်း ရပ်ရွာတွေကို ကိုယ်တိုင် လိုက်ပို့ပေးခဲ့တာကြောင့် ကျောက်မဲ မြို့ပေါ်မှာ သိပ်မကျန် တော့ဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ