SSPP နဲ့ မေလထဲ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ခဲ့တယ်လို့ အစိုးရ စစ်တပ် ထုတ်ပြော

sspp_ssa_shan
Image caption မဟာဗျူဟာမြောက် စခန်းတွေကို ရုတ်သိမ်း ဖို့ အစိုးရ စစ်တပ်ဘက်က တောင်းဆို နေပြီး SSPP ဘက်ကလည်း မလိုက်လျော။

ရှမ်းပြည်နယ်မှာ SSPP/SSA လက်နက်ကိုင် အဖွဲ့နဲ့ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ် ဘက်က သတင်း ထုတ်ပြန် လာပါတယ်။

သီပေါ၊ ကျောက်မဲနဲ့ လားရှိုး မြို့နယ် တွေထဲမှာ SSPP အဖွဲ့က နယ်မြေ ကျော်လွန် ဝင်ရောက် ခဲ့တဲ့ အတွက် မေလ ဆန်းကနေ မေလ ၂၀ ရက်နေ့ အထိဆိုရင် တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း တပ်ရင်းမှုး အဆင့် အပါအဝင် အရာရှိ နဲ့ စစ်သည် တချို့ အကျအဆုံး ရှိခဲ့တယ်လို့ ဆိုပေမယ့် အရေအတွက် အတိအကျ ကိုတော့ ထုတ် မပြောသလို၊ အစိုးရ စစ်တပ်ဘက်က ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အကြောင်းလည်း ထုတ်ပြန်ချက် ထဲ မတွေ့ရပါဘူး။

SSPP ဌာနချုပ် ဝမ်ဟိုင်း ကိုသာမက UWSA ဝ တပ်ဖွဲ့ ဌာနချုပ် ပန်ဆိုင်းအထိ လမ်းပွင့်နိုင်တဲ့ မဟာဗျူဟာမြောက် စခန်းတွေကို ရုတ်သိမ်း ဖို့ အစိုးရ စစ်တပ်ဘက်က တောင်းဆို နေပြီး SSPP ဘက်ကလည်း မလိုက်လျောတာ ကနေ တိုက်ပွဲတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ