ထိုင်း မှာ ရိုဟင်ဂျာတွေ ထောင်ဖောက် ထွက်ပြေး

  • 23 မေ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ထောက်ဖောက်ပြေးသူ တစ်ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါးမြို့ ထိုင်း လူဝင်မှု ကြီးကြပ်ရေး စခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၂၁ ဦး မေလ ၂၃ ရက်နေ့မနက်က အချုပ်ခန်းဖေါက်ပြီးထွက်ပြေးလို့ ရဲကလိုက်ဖမ်းရင်းတစ်ဦး သေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်။

လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းကနေ ရိုဟင်ဂျာ ၂၁ ဦး ထွက်ပြေး တိမ်းရှောင်သွားတာကို လိုက်ဖမ်းရင်း ပစ်ခတ်လို့ ရိုဟင်ဂျာ ၁ ဦးသေဆုံးသွားကြောင်းကို ဖန်ငါးမြို့ ရဲစခန်းမှူး ရဲဗိုလ်မှူးကြီး ကျိရာ့ဖတ် ဖိုးချနော့ဖန်းက ပြောပါတယ်။

မနက်စောစော ၄ နာရီခွဲလောက်က ရိုဟင်ဂျာ ၂၁ ဦး ဟာ အချုပ်ခန်း သံတိုင်ကို သံဖြစ်လွှနဲ့ ဖြတ်ပြီး ထွက်ပြေးသွားတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက အကြောင်းကြာခဲ့ပါတယ်။

ထွက်ပြေးသွားသူတွေနောက်ကို အဖွဲ့စုံနဲ့ခွဲပြီး လိုက်ရှာခဲ့ရာမှာ ရိုဟင်ဂျာ ၃ ဦး တောင်ပေါ်ကို တက်ပြေးတာကို ရဲတပ်ဖွဲ့ က လိုက်ဖမ်းဖို့ကြိုးစားခဲ့ရာမှာ အဲဒီလူတွေက ရန်ပြုတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးရဲက ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ ပစ်ခတ် လို့ ထောက်ဖောက်ပြေးသူ တစ်ဦး သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

ထောင်ဖောက် ဖြစ်စဉ်အသေးစိတ်ကိုတော့ စိစစ်နေဆဲ ဖြစ်ပြီး ထွက်ပြေးတဲ့အထဲက ၃ ယောက်ကိုတော့ ပြန်လည် ဖမ်းဆီးနိုင် ခဲ့ပါတယ်။

ပင်လယ် ဖြတ်ကျော် ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ အယောက် ၄၀ဝ ကျော်ကို ထိုင်းနိုင်ငံက လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်း တွေမှာ ခွဲပြီးချုပ်နှောင်ထားတာ ၂ နှစ်ကျော် ပြီ ဖြစ်ကြောင်း ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့က နော်စင်းမ်က ပြောပြပါတယ်။

ရိုဟင်ဂျာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ပွဲစားလုပ်နေသူ ထိုင်းအစိုးရ ဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၈၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး နောက်မှာ ရိုဟင်ဂျာ လူကုန်ကူးမှု လျှော့သွားတာကို တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ