ဖားကန့်မှာ မြေစာပုံပြိုကျ၊ လူ ၁၂ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၁၀၀ ခန့် မြေစာပုံ အောက်မှာ ပိနေ နိုင်ကြောင်း ဒေသခံက တစ်ယောက်က ဘီဘီစီ ကို ပြော

မေလ ၂၃ ရက်နေ့ ညပိုင်းက ဖားကန့် နဲ့ ၁၀ မိုင်လောက် ဝေးတဲ့ ဝေခါ မှော်မှာ ရတနာကြယ် ကုမ္ပဏီ က တူးဖော်တဲ့ ကျောက်စိမ်းထုတ်လုပ်ရေး နေရာမှာ မြေစာပုံ ပြိုကျလို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံး ခဲ့ရပါတယ်။

ရေမဆေးကျောက် ရှာဖွေသူ အနည်းဆုံး လူ ၁၀၀ ခန့် မြေစာပုံ အောက်မှာ ပိနေ နိုင်ကြောင်း ဒေသခံက တစ်ယောက်က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ်မှာတော့ အလောင်း ၁၂ လောင်းပဲ တူးဖော် ရရှိသေးတယ်လို့သိရပါတယ်။

မြေစာပုံအောက်မှာ ပိမိနေသူတွေကို တူးဖော် ရှာဖွေနေဆဲ ဖြစ်ပြီး မြေစာပုံ ပြိုကျမှု သတင်း မှန်ကန်ကြောင်း ဖားကန့် ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

ဝင်ငွေ ဒေါ်လာ ဘီလျံပေါင်များစွာ ရှာပေး နေတဲ့ ဖားကန့် ကျောက်စိမ်း ထူးဖော်ရေး လုပ်ငန်းတွေမှာ ဘေးကင်း လုံခြုံရေး အတွက် စနစ် တကျ ထိန်းသိမ်း တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း မြေစာပုံ ပြိုကျမှုတွေကြောင့် လူပေါင်း တစ်ရာကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ