အန်ဂျီအိုတွေ အစိုးရနဲ့ ညှိနှိုင်းရမယ်

ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည် လမ်းညွှန် ချက်နဲ့ ဆောင်ရွက်

မြန်မာ နိုင်ငံ ဖွံ့ဖြိုးရေး ကူညီမှု လုပ်ငန်းတွေ ဆောင်ရွက် ပေးနေတဲ့ နိုင်ငံ တကာ အန်ဂျီအို အဖွဲ့ အစည်း တွေ အနေနဲ့ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက် မှုတွေ လုပ်ရမှာ ဖြစ်တယ်လို့ သမ္မတရုံးက ပြောပါ တယ်။

အဲဒီ အတွက် သမ္မတရုံး စီမံမှုအောက် ကနေ ညှိနှိုင်းရေး အဖွဲ့တခု ဖွဲ့ပြီး ဆောင်ရွက် သွားမယ်လို့ သမ္မတရုံး ဝန်ကြီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါ တယ်။

ဒါဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လမ်းညွှန် ချက် ဖြစ်ပြီး အန်ဂျီအို တွေ ရဲ့ တချို့ လုပ်ငန်း တွေ ထပ်နေတာ၊ တချို့ အန်ဂျီအို တွေဆိုရင် အလှူရှင်တွေ ရဲ့ လိုလား ချက်တွေကို လုပ်တာ ရှိတဲ့ အတွက် အခုလို ညှိနှိုင်း ဆောင်ရွက်ဖို့ လိုတာ လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ နိုင်ငံရဲ့ ပကတိ လိုအပ် ချက်တွေကို ဖြည့်ဆည်း ပေးမယ့် ပုံစံကို လိုလား တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း များပြားလှတဲ့ အန်ဂျီအိုတွေကို ထိန်းချုပ် ဖို့ မဟုတ်ဘဲ ညှိနှိုင်း ဆောင်ရွက်ဖို့ သာ ဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

အရပ်ဖက် လူမှု အဖွဲ့အစည်း တွေရဲ့ လုပ်ငန်းတွေကို လည်း ထိခိုက်စေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။