ပင်လုံနာမည်တပ်ရင် ပင်လုံ အနှစ်သာရနဲ့ ကိုက်ညီဖို့ လို

_updjc_dassk ဓာတ်ပုံ မူပိုင် EPA
Image caption ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ညီလာခံ နာမည်နဲ့ ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ကို လာမယ့် ဇူလိုင်လထဲ ကျင်းပ နိုင်ဖို့ ကြိုးစား နေ။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစိုးရဘက်က ကမကထလုပ် ကျင်းပမယ် ဆိုတဲ့ ညီလာခံဟာ ၂၁ ရာစု ပင်လုံ ညီလာခံ ဆိုပြီး နာမည် တပ်မယ် ဆိုရင် ပင်လုံ စာချုပ်ရဲ့ အနှစ်သာရ တွေနဲ့ ကိုက်ညီဖို့ အရေးကြီးတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောပါတယ်။

ပင်လုံ စာချုပ် ကို ဘယ်လို ချုပ်ဆို နိုင်ခဲ့သလဲ၊ အခုအချိန်မှာ ပင်လုံ ကတိကဝတ်တွေ ဆက်ရှိ နေသေးလား စတာတွေ အပေါ် မေးခွန်း ထုတ်ဖို့ လိုတယ်လို့ SNLD ရဲ့ ပြောခွင့်ရ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ တွဲဘက် အတွင်းရေးမှုး ၂ စိုင်းကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စု အနေနဲ့ ဥမကွဲ သိုက်မပျက်ပဲ အတူနေရင်း တိုင်းရင်းသားတွေ အကြား တန်းတူ ညီမျှပြီး ကိုယ်ပိုင် ပြဌာန်းခွင့် ရှိနိုင်ရေး ကိစ္စ အပေါ် ကျင်းပလာမယ့် ငြိမ်းချမ်းရေး ညီလာခံ ကျရင် အတော်လေး ဆွေးနွေး ယူရမယ့် သဘောမှာ ရှိနေတယ်လို့လည်း စိုင်းကျော်ညွန့်က ဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးနေရာနဲ့ တိုင်းပြည်ကို လက်တွေ့ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ညီလာခံ နာမည်နဲ့ ငြိမ်းချမ်းရေး ညီလာခံ တစ်ရပ်ကို လာမယ့် ဇူလိုင်လထဲ ကျင်းပ နိုင်ဖို့ ကြိုးစား နေပြီး ဒီကနေ့ (မေလ ၂၈ ရက်နေ့မှာ) ညီလာခံ ကျင်းပရေး အတွက် အစိုးရနဲ့ စစ်ဘက် အပါအဝင် ကိုယ်စားလှယ်တွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ