ကျောက်မဲမှာ TNLA ကို ဆန္ဒပြ

_tnla_troops_ ဓာတ်ပုံ မူပိုင် AP
Image caption ဟိုပန်ကျေးရွာက အိမ်တွေကို TNLA တပ်က မီးရှို့ ဖျက်စီးခဲ့တယ် ဆိုပြီး ဆန္ဒပြသမားတွေက စွပ်စွဲ။

ရှမ်းပြည်နယ် ကျောက်မြို့မှာ လူထောင်ချီတဲ့ ဆန္ဒပြပွဲတစ်ရပ် စနေနေ့ မေလ ၂၈ ရက်နေ့က ပြုလုပ် ခဲ့တာမှာ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ကို ထောက်ခံပြီး၊ တအာင်းပလောင်တပ် TNLA ကို ဆန့်ကျင်တဲ့ ပိုစတာတွေ ကိုင်စွဲ ခဲ့ကြပါတယ်။

အဲဒီ့ ဆန္ဒပြပွဲကနေ ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့လည်း တောင်းဆို ခဲ့ကြပြီး ရှမ်း ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေ ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် ဟိုပန်ကျေးရွာက အိမ်တွေကို TNLA တပ်က မီးရှို့ ဖျက်စီးခဲ့တယ် ဆိုပြီး ဆန္ဒပြသမားတွေက စွပ်စွဲခဲ့ကြပါတယ်။

TNLA ဘက်ကတော့ ဒါဟာ တစ်ဘက်သတ် စွပ်စွဲချက် ဖြစ်တယ် ဆိုပြီး တုံ့ပြန် စာထုတ်ပြီး ရှမ်းနဲ့ တအောင်း အကြား လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်တဲ့ ဝါဒဖြန့်ချီတာတွေ ရှိနေတယ်လို့ သတိပေး ပါတယ်။

ရှမ်းပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ အတွက် အရပ်သားတွေ ထိခိုက် နေရတယ် လို့ တအောင်း အမျိုးသမီး အဖွဲ့အစည်း တွဲဘက်အတွင်းရေးမှူး ဒီဒီပိုးကျိန် က ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေမှာ TNLA ၊ RCSS ၊ SSPP စတဲ့ လူမျိုးစု လက်နက်ကိုင်တွေနဲ့ အစိုးရ စစ်တပ် ပါဝင် နေကြတာ ဖြစ်ပါတယ်။

မေလ ၂၈ ရက်နေ့မှာ TNLA နဲ့ အစိုးရ စစ်တပ်ကြား ကွတ်ခိုင်နဲ့ ကျောက်မဲ မြို့နယ်တွေ အတွင်း တိုက်ပွဲတွေ ဖြစ်ပေါ် ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ