ကွမ်းတံတွေး စည်းကမ်းမဲ့ မထွေးဖို့ မန္တလေးမှာ တနိုင်တပိုင် လှုပ်ရှားလာ

betel_juice_campaign_mandalay
Image caption ကိုယ့်မြို့ကိုယ်ရွာ သန့်ရှင်းဖို့နဲ့ လူတွေရဲ့ အမူအကျင့် ပြောင်းလဲဖို့ ရည်ရွယ် လုပ်ဆောင်။

ကွမ်းတံတွေး စည်းမဲ့ကမ်းမဲ့ ထွေးတာ ပပျောက်ရေး အတွက် လူမှု အသိုင်းအဝိုင်းထဲ တနိုင်တပိုင် လှုပ်ရှား မှုတွေ မန္တလေးမှာ လုပ်ဆောင် လာတာ တွေ့ရပါတယ်။

ကွမ်းထွေးဖို့ ဗူးတွေကို လူစည်ကားရာ လမ်းဆုံတွေမှာ လိုက်ပြီး ဝေငှ နေကြတာပါ။

ကိုယ့်မြို့ကိုယ်ရွာ သန့်ရှင်းဖို့နဲ့ လူတွေရဲ့ အမူအကျင့် ပြောင်းလဲဖို့ ရည်ရွယ် လုပ်ဆောင် တာဖြစ်တယ်လို့ လှုပ်ရှားမှုကို ဦးဆောင် ဆောင်ရွက်နေတဲ့ မန္တလေး မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မန္တလေး မှာ ဓာတ်တိုင် တစ်တိုင်ကြား တစ်ဆိုင်နှုန်း တွေ့နေ ရလောက်အောင် ကွမ်းယာဆိုင်တွေ များနေပြီး၊ အများသူငါ သွားလာတဲ့ လမ်းမတွေထက် စည်းကမ်းမဲ့ ထွေးထားတဲ့ ကွမ်းတံတွေး ကွက်တွေ၊ ကွမ်းတံတွေး ထည့်ထွေးထားတဲ့ ပလတ်စတစ်အိတ် တွေနဲ့ မြို့ဟာ မြင်မကောင်း အောင် ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

အခုလို ကွမ်းစားတဲ့ အမူအကျင့်၊ ကွမ်းတံတွေး စည်းကမ်းမဲ့ ထွေးတဲ့ အမူအကျင့်တွေ ပပျောက် အောင် လုပ်မယ် ဆိုပြီး အာဏာပိုင်တွေ ဘက်က ဗဟို အစိုးရ အဆင့် ညွှန်ကြားချက် ထွက်လာပြီး တဲ့နောက် လူမှု အသိုင်းအဝိုင်းထဲမှာလည်း အခုလို တနိုင်တပိုင် လှုပ်ရှား မှုတွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ကွမ်းတံတွေး ပြဿနာကို ကိုင်တွယ်ဖို့ ရပ်ကွက်/ကျေးရွာ အုပ်စု အဆင့်အထိ ကော်မတီတွေ ဖွဲ့ပြီး စည်းရုံး ကြပ်မတ်တာတွေ၊ ဒေသန္တရအမိန့်တွေ ရေးဆွဲ ထုတ်ပြန် တာတွေ ပြုလုပ် ဆောင်ရွက် သွားကြဖို့ ပြည်ထောင်စု အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ