သတင်း စီးဆင်းမှု ကောင်းမွန်ရေး ပိုပူးပေါင်းဖို့ အစိုးရကို တိုက်တွန်း

_myanmar_editor_forum
Image caption ပြောရေးဆိုခွင့် ရှိသူတွေ ဘယ်လောက် အတိုင်းအတာ ဖြေကြားလဲ ဆိုတာ စတုတ္ထမဏ္ဍိုင်က သုံးသပ် ဝေဖန်နိုင်။

လက်ရှိ အစိုးရ လက်ထက် အာဏာပိုင်တွေ ဆီက သတင်း ရယူနိုင်မှုဟာ အနည်းငယ် တိုးတက် လာပေမယ့် သတင်း စီးဆင်းမှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်တာတွေ ပိုမို ပြုလုပ်ဖို့ မြန်မာ စာနယ်ဇင်း သမားတွေက တိုက်တွန်း ခဲ့ပါတယ်။

ရန်ကုန်မှာ ပြီးခဲ့တဲ့ စနေနေ့က(မေလ ၂၈ ရက်နေ့က) “ရွေးကောက်ပွဲ ကတိကဝတ်များနဲ့ အုပ်ချုပ်ရေး၊ မီဒီယာ၏ အခန်းကဏ္ဍ” ခေါင်းစဉ်နဲ့ အယ်ဒီတာ ဖိုရမ် ဆိုပြီး ကျင်းပတုန်း စာနယ်ဇင်း သမားတွေက တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်လည်း အဲဒီ့ ဖိုရမ်မှာ ရှိနေပြီး အစိုးရ ဝန်ကြီးဌာန အသီးသီးမှာ ပြောရေးဆိုခွင့် ရှိသူတွေ အနေနဲ့ တာဝန် ပေးထားသူတွေ ဘက်က ဘယ်လောက် အတိုင်းအတာ ဖြေကြားလဲ ဆိုတာ စတုတ္ထမဏ္ဍိုင်က သုံးသပ် ဝေဖန်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

အယ်ဒီတာ ဖိုရမ် ဆိုပြီး ရွေးကောက်ပွဲ မတိုင်ခင်တုန်းက စတင် လုပ်ဖူးခဲ့တဲ့ ဒီ တွေ့ဆုံ ဆွေးနွေးပွဲကို ရွေးကောက်ပွဲ အပြီး အစိုးရသစ် သက်တမ်း ၂ လ နီးပါးမှာ ဒုတိယ အကြိမ် ပြုလုပ် လာတာ ဖြစ်ပြီး တနိုင်ငံလုံး အနှံ့ သတင်း လောကက အယ်ဒီတာတွေ တက်ရောက် ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ