ရှမ်းပြည်မြောက်ပိုင်းမှာ စိတ်ကြွဆေး ပမာဏ အများဆုံး ဖမ်းမိ

_methamphetamine ဓာတ်ပုံ မူပိုင် methamphetamine
Image caption နယ်စပ် ဒေသတွေမှာ တရား ဥပဒေ စိုးမိုးမှုနဲ့ နယ်မြေ လုံခြုံမှု အားနည်း။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် ထဲမှာ တနင်္လာနေ့ ၊ မေလ ၃၀ ရက် နေ့ တုန်းက မက်သာဖက်တမင်း စိတ်ကြွဆေး ပြား အပြားရေး ၂၁ သန်းကျော် ဖမ်းဆီး ရရှိ ခဲ့ ပါတယ်။

မန္တလေးကို ဘက်ကို ဆင်းမယ့် ကားကို သတင်း အရ စောင့်ပြီး ဖမ်းဆီး ရှာဖွေ ခဲ့တာ ကနေ အလေးချိန် ကီလို နှစ်ထောင့် တစ်ရာကျော်၊ ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၄ သိန်း ကျော်ဖိုး ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်တယ်လို့ မူဆယ် မူးယစ် အဖွဲ့က ရဲမှုး တီခေါင်လွမ်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပမာဏ အများဆုံး ဖမ်းဆီး မိခဲ့တာ ဖြစ်ပြီး၊ ကားယာဉ်မောင်းကို ထိန်းသိမ်း ထားပေမယ့် ပိုင်ရှင်ကိုတော့ မမိ သေးဘူးလို့ ဆိုပါတယ်။

နယ်စပ် ဒေသတွေမှာ တရား ဥပဒေ စိုးမိုးမှုနဲ့ နယ်မြေ လုံခြုံမှု အားနည်း နေတဲ့ အတွက် မူးယစ်ဆေး ပြဿနာကို ကိုင်တွယ်ရာမှာ အခက်အခဲ တွေ ရှိနေတယ်လို့ ရဲမှုး တီခေါင်လွမ်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ