တပ်မတော် အရာရှိကြီး ၃၈၀ ကျော် အနားပေး

  • 1 ဇွန် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်ကို ခေတ်မီအောင် ဆောင်ရွက်မယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောထားပါတယ်

မြန်မာ့ တပ်မတော်က ဗိုလ်မှူးချုပ် နဲ့ ဗိုလ်မှူးကြီး တွေ အပါအဝင် အရာရှိ ၃၈၄ ယောက် ကို ရာထူး ကနေ အနားယူခွင့် ပေးလိုက်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ တပ်မတော် ထိပ်တန်း အရာရှိ တစ်ယောက် ကို ဘီဘီစီက မေးရာမှာ သတင်းကို အတည်ပြုခြင်း မရှိသလို ငြင်းဆိုခြင်း လည်း မရှိပါဘူး။

တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကတော့ ရာထူးကနေ ဖယ်ရှားခံရသူ တချို့ အတွက် အမိန့်စာတွေ ထွက်ထား ပြီးပြီလို့ ပြောပါတယ်။

မြန်မာ့ တပ်မတော်ကို ခေတ်မီအောင် ပြုပြင် ပြောင်းလဲဖို့ အတွက် အနောက် နိုင်ငံတွေမှာ ကျင့်သုံး နေတဲ့ ပုံစံအတိုင်း ရာထူး မတက်နိုင် သူ တွေကို အနားပေးတဲ့ စံနစ်ကို စတင် ကျင့်သုံး နေတာ ဖြစ်တယ်လို့ တပ်မတော်အကြောင်း သုတေသနတွေ လုပ်နေတဲ့ တကောင်း နိုင်ငံရေး လေ့လာမှု အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ဘီဘီစီကို ပြောပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သတင်းစာ ရှင်းလင်း ပွဲမှာလည်း အဲဒီမူဝါဒကို ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရာထူးက ဖယ်ရှား ခံရသူတချို့ကို ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှာ တာဝန် ပေးမယ် လို့ သတင်းတွေ ထွက်နေပေမယ့် ဘီဘီစီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ